unicode
မနက် ရောက်တော့ လက်မောင်းပေါ်က လေးလံမူနဲ့ အတူ နိူးထလာတဲ့ ရှောင်ကျန့် ။ သူကြည့်လိုက်တော့ သူ့လက်မောင်းကို ခေါင်းလေး အုံးပြီး သူ့ဖက်လှည့်ကာ အိပ်မောကျနေတဲ့ ကလေးငယ်လေး။
သူကလေးငယ်ရဲ့ မျက်နှာ ဖြူနုနုလေးကို အမြတ်တနိုး ငေး ကြည့်နေရင်းမှ ကလေးငယ်ရဲ့ နဖူးပြေပြေလေးထက် အဖြူစင်ဆုံး အနမ်းတပွင့် ခြွေလိုက်မိတယ်။ သူ အနမ်းခြွေလိုက်တော့ တအင်းအင်းနဲ့ သူ့ခါးကိုလာဖက်တဲ့ လက်လေးတဖက်နဲ့ အတူ သူ့ရင်ခွင်ထဲ တိုး၀င်လာကာ ကလေးငယ် ကြောင့် သူပြုံးလိုက်မိသည်။
"ဟက် ချစ်ဖို့ကောင်းလိုက်တာ ကလေးလေးရာ"
ရှောင်ကျန့် သူ့ရင်ခွင်ထဲတိုးဝှေ့လာတဲ့ ကလေးငယ်ကို ပြန်ထွေးပွေ့ထားလိုက်ကာ သူမျက်လုံးတွေကို ပြန်မှေးဖို့ကြံလိုက်ပေမဲ့
ဒေါက် ဒေါက် ဒေါက် ~
"သား မား၀င်လာပြီနော်"
ပြောရင်း အခန်းထဲ ၀င်လာတဲ့မားကို သူက အရင် လက်ညိုးကို နူတ်ခမ်းနားကပ်ကာ
"ရှူးးး မား"
သူလုပ်ပြတော့ မားက တိတ်တိတ်နေပေးရှာပါရဲ့။
သူလက်မောင်းပေါ်က ကလေးငယ်ရဲ့ ခေါင်းလုံးလုံးလေးကို ခေါင်းအုံးပေါ် အသာအယာတင်ပေးလိုက်တော့ လှုပ်ရှားလာတဲ့ကလေးငယ်ကြောင့် ကလေးငယ်ရဲ့ ခေါင်းလေးကို အသာအယာ ပွတ်ကာ မနိုးစေရန် ချော့မြူနေမိသည်။
'ကျွတ် ကျွတ် ကျွတ်'
********
ရှောင်ဖန်း အခန်းထဲ၀င်လာတော့ အရင်လို သားတယောက်တည်းမဟုတ်ဘဲ သားရဲ့ ရင်ခွင်ထဲတိုး၀င်ကာ အိပ်ပျော်နေတဲ့ လူတယောက်လဲ ရှိနေလေရဲ့။ ကျောပေးထားတာမို့ ဘယ်သူဘယ်ဝါ မှန်းလဲ မသိ။
အဲ့ဒါကြောင့် သူမ မေးမယ်ကြံရုံ ရှိသေး သားတော်မောင်က တိတ်တိတ်နေပေးရန် ဦးစွာ အချက်ပြနေတာကြောင့် သူလဲ သားအလိုကျန တိတ်တိတ်နေ ပေးလိုက်မိသည်။ရှောင်ဖန်း သူမရှေ့ သားရဲ့ အပြုအမူတွေအားလုံးကို မျက်တောင်မခတ်တမ်းငေးကြည့်နေမိသည်။
သူမသားရဲ့ ထိုလို အပြုအမူမျိုးကို သူဘယ်တုန်းကမှ မမြင်ခဲ့ဖူးတာမို့သူ့သားရဲ့ လုပ်ရပ်တွေကိုကြည့်ကာ ကြောင်အနေမိသည်။
သူကြောင်အစွာ ကြည့်နေမိတုန်း သူ့အနားကို ရောက်လာတဲ့သားကြောင့် အသိပြန်၀င်လာကာ
![](https://img.wattpad.com/cover/283152768-288-k266867.jpg)
YOU ARE READING
Born To Love You 💞
Fanfictionနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...