EP- 16

1.4K 118 5
                                    

Unicode

** *

မီးဖိုခန်းလေးထဲမှာ   သူ့ကို ကျောပေးကာ မနက်စာ ပြင်ပေးနေတဲ့ မားမားကို ကြည့်ရင်း  ရိပေါ်  အနှစ်ခြိုက်ဆုံးပြုံးလိုက်ကာ မားမားရဲ့ အနောက်ကိုသွား၍ ခါးကနေ တင်းကြပ်စွာပွေ့ဖက်ထားလိုက်သည်။

"Morning မားမား"

'မွ'

အနောက်ကနေ၍ ခြေဖျားလေးထောက်ကာ မားမားပါးလေးကို နမ်းလိုက်တော့ ခါတိုင်းလို နွေးထွေးမနေဘဲ အေးစက်နေတဲ့ မားမားပါးပြင်။

"မားမား မားမားရဲ့ပါးကဘာလို့ အေးနေ..."

သူ့စကားမဆုံးသေးခင်မှာ ခါးပေါ်က သူ့လက်တွေကိုဖြည်ကာ သူ့ဖက်လှည့်လာတဲ့ မားမား။ မားမားမျက်နှာလေးကို ကြည့်လိုက်တော့  မားမားမျက်နှာပေါ်မှာ စီးကျနေတဲ့ မျက်ရည်တွေ က မြစ်တစင်းအလား ။

"မားမား မားမားက ဘာ ဘာလို့ ငို ငိုနေတာလဲ ဟင်"

"ကလေးရယ် "

သူ့အမေးကို ပြန်မဖြေဘဲ ငိုနေရင်းနဲ့ သူ့ခေါင်းကို ဖွဖွလေး လာပွတ်သပ်ပေးလာတဲ့ မားမားလက်တွေက နွေးထွေးမနေပြန်တာမို့ ရိပေါ် မားမားလက်တွေကို ဆွဲယူကာ ‌~

"မားမား အင့် မားမားလက်တွေက အ အင့် အေးနေလို့လား အ့ကြောင့်ငို ငိုနေတာလားဟင် မ အင့် မငိုနဲ့ဝောာ့နော် အင့် သားသား နွေးအောင်လုပ်ပေးမယ်လေ  နော် "

သူပြောပြောဆိုဆိုနဲ့ မားမားလက်လေးတွေ ပြန်လည်နွေးထွေးလာစေရန် ဆုပ်ကိုင်ကာ အာငွေ့ပေးနေမိသည်။

"သား အင့် သားရယ် ဟင့် ဟင့်"

ပို၍ ငိုယိုရင်း သူ့ကို တင်းကြပ်စွာထွေးပွေ့နေတဲ့မားမားရဲ့ ရင်ခွင်ကလဲ အရင်လိုနွေးထွေးမနေဘဲ အေးစက်နေပြန်လေရဲ့။ ဘာလို့ မားမားဆီကနေ အအေးဓါတ်တွေကိုဘဲ သူခံစားနေရတာလဲ။

" မား ဟင့် မားမား မ မငိုပါနဲ့ အင့် "

"  နောက်ဆို မားမား မရှိလဲ လိမ်လိမ်မာမာနေရမယ်နော်  ပြီး အင့်  ပြီးတော့ မားမားက  အင့် မားမားက သားကို တယောက်တည်းချန်ပြီး အရင်ထွက်သွားခဲ့ရလို့ မားမားက တောင်း ပန်ပါတယ်နော် "

Born To Love You 💞Donde viven las historias. Descúbrelo ahora