Unicode
ရှောင်ကျန့် သတိရလာတော့ သူ့ကို ဆီးကြိုနေတဲ့ မျက်နှာကြက်အဖြူရယ် နှာခေါင်းထဲတိုးဝင်လာတဲ့ ဆေးနံ့တွေကြောင့်ရယ် သူဆေးရုံရောက်နေပြီမှန်း သိလိုက်၏။
"သတိရလာပြီလား ရှောင်ကျန့်"
မိန်းကလေး တဦးရဲ့ အသံကြားတော့ ဘေးကို ကြည့်လိုက် တော့ သူ့ကို စိုးရိမ်စွာကြည့်နေတဲ့ မိန်းကလေးတယောက်။
"လီချင်?"
"အင်း ငါ.... ဒါနဲ့ သက်သာရဲ့လား ဘယ်လိုနေသေးလဲ "
သူ့ရှေ့မှာရပ်နေတဲ့ မိန်းကလေးက အခြားသူတော့ မဟုတ် မူလတန်းကနေ အထက်တန်းထိ ကျောင်းအတူတက်ခဲ့တဲ့ သူတို့ရဲ့သူငယ်ချင်းအရင်းကြီး လီချင်။ အထက်တန်းပြီးတော့မှ ဆေးပညာကို လေ့လာရန် သူတို့အားလုံးကိုစွန့်ခွာပြီး နိုင်ငံရပ်ခြားသို့ ထွက်ခွာခဲ့ခြင်း။
သူတို့ကို နှစ်တွေအကြာကြီး ခွဲသွားခဲ့တဲ့ သူငယ်ချင်းမကြီးက အခုတော့ သူ့ရှေ့မှာ ရပ်နေလေရဲ့။"နင်က ဘယ်လိုက ဘယ်လို...ဘယ်ချိန်တုန်းက ပြန်ရောက် တာလဲ "
ရှောင်ကျန့် အံ့ဩလွန်းလို့ မေးခွန်းတွေက ဟိုရောက် ဒီရောက်နဲ့ လီချင်ကို ကြောင်ကြည့်နေတုန်း ။
" သားစောင့်နေမယ်နော်" ဆိုတဲ့ စကားအသံနဲ့အတူ သူ့ကို စောင့်နေပါမည်ဆိုတဲ့ ကလေးငယ်ကို သတိရသွားတော့ ရှောင်ကျန့် အမြန်ခုန်ထလိုက်ကာ လက်က dripပိုက်ကို ဆွဲဖြုတ်လုပ်တော့ သူ့ကို ဟန့်တားလာတဲ့ လီချင်။
"ငါ......ဟဲ့ ဘာ ဘာလုပ်တာလဲ ဟဲ့ မဖြုတ်နဲ့လေ"
"Sorry လီချင် ငါ ပြန်မှရမယ် "
သူအပ်ဖြုတ်ပြီးတာနဲ့ ထထိုင်ကာ ထရပ်ရန်ကြိုးစားလိုက်ပေမဲ့ ခုထိ မူးဝေနေတုန်းဖြစ်တဲ့ သူ့ခေါင်းကြောင့် ယိုင်သွားတဲ့ သူ့ခန္ဒာကိုယ်။
လီချင်က သူ့ကို ဖမ်းထိန်းပေးကာ~
"မရဘူး ရှောင်ကျန့် နင့်ပုံစံကို ငါ သိပ်စိတ်တိုင်းမကျဘူး ဆေးစစ်ပြီးမှ ပြန်ရမယ်"
" ငါ ဘာမှမဖြစ်ပါဘူး ဒေါက်တာမကြီးရယ် ငါ ခွဲစိတ်မှုခံယူထားလို့ နောက်ဆက်တွဲဖြစ်တာနေမှာပါ "

ESTÁS LEYENDO
Born To Love You 💞
Fanficနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...