EP- 42

1.1K 100 6
                                    

Unicode

တီး တီးတီး~~~~

ဆူညံစွာ အော်မြည်လာတဲ့ ဖုန်းသံကြောင့် အိပ်မောကျနေတဲ့ ကျိုးချန်က အိပ်မက် ကမ္ဘာထဲက ရုန်းထွက်လာရသည်။  မျက်စိကိုအတင်းအားယူဖွင့်ကာ ဖုန်းကိုမယူသေးဘဲ အိပ်ယာဘေးစားပွဲပေါ်က နာရီstandလေးကိုကြည့်တော့ 4:30။ ကျိုးချန်စိတ်ထဲ ဒီလောက်အစောကြီး ဆိုပြီး ငြီးငြူကာ ဖုန်းကိုယူကြည့်လိုက်တော့ screenပေါ်မှာပေါ်နေတဲ့ contactကြောင့် ကျိုးချန် အမြန်ပင် answer နှိပ်လိုက်သည် ။

"သား အင့် သားကျိုးချန် အင့်"

ဖုန်းကို answerလုပ်လိုက်တာနဲ့ တပြိုင်နက် သူ့နားထဲ တိုးဝင်လာတဲ့ ရှောင်ကျန့်မားမား ရဲ့ ငိုသံကြောင့် ကျိုးချန်ထိတ်လန့်သွားရသည်။

" ရှောင်.... ရှောင်မား ဘာဖြစ်လို့လဲ .... "

" သားကျန့် သားကျန့်လေ ဟင့်"

ကျိုးချန်‌ဦးနှောက်ထဲတန်းဝင်လာသည်က ရှောင်ကျန့်ရဲ့ မိုက်ရူးရဲတဲ့ လုပ်ရပ်တွေ။

" ရှောင်ကျန့်  ရှောင်ကျန့် ဘာဖြစ်လို့လဲ ဟင် မဟုတ်မှ ထပ်လုပ်ပြန်ပြီလား"

~မဟုတ်ဘူးမလား မဟုတ်ဘူးမလားရှောင်ကျန့်  မင်းထပ်မလုပ်လောက်ဘူးမလား ~~

" ဟင့်.... အင့် အင်း အင်း မြန် မြန် လာ ....လာခဲ့ပါနော် X Hospitalကိုအမြန်လာခဲ့ပေးပါနော် "

ရှောင်မားရဲ့ ငိုရှိုက်သံနဲ့ စကားသံတွေကြားမှ ကျိုးချန် အသိပြန်ကပ်လာကာ ကုတင်ပေါ်ကအမြန်ဆင်းလိုက်ကာ~

" ကျတော် ခုချက်ချင်းလာခဲ့ပြီနော်"

ကျိုးချန် ညအိပ်၀တ်ကိုတောင် မလဲနိုင်တော့ဘဲ အပြင်ကုတ် နဲ့ ကားသော့ကိုသာ ဆွဲယူကာ  ဆေးရုံ ကို အမြန်ဆုံး ဦးတည်လိုက်သည်။

     *******

ရှောင်သခင်ကြီး wheelchairပေါ်ကနေ ဆေးပိုက်တွေနဲ့ ကုတင်‌ထက် ဖြူဖျော့စွာ လဲလျောင်းနေတဲ့ သားကြီးကို ငေးကြည့်နေမိသည်။

လွန်ခဲ့တဲ့ ၈လ ကြုံခဲ့ရတဲ့ accidentကြောင့် ၄လအကြာ ဆေးရုံမှာ မေ့မြောနေခဲ့တဲ့သား။ 

Born To Love You 💞Donde viven las historias. Descúbrelo ahora