Unicodeရိပေါ်တယောက် မားမားဆီ သွားရမှာမို့ အတိုင်းမသိ ပျော်ရွှင်နေလေရဲ့။ မနေ့က အထိ မားမားအပြုံးလေးနဲ့ နိူးထလာရတဲ့ သူ့မနက်ခင်းတွေ။ ဒီနေ့အတွက်တော့ မားမား အပြုံးလေးသူမမြင်ရသေးတာမို့ သူ မားမားအပြုံးလေးကို တကယ်လွမ်းနေသလို မားမား ကိုလဲ အရမ်းလွမ်းနေပြီလေ ။
ရိပေါ်ပြုံးရွှင်စွာနဲ့ မားမားရှိရာ အခန်းဖက်ကို လာလိုက်တော့ ကုတင်ထက် အိပ်နေတဲ့ မားမား။ မားမားဘေးမှာ ရပ်နေတဲ့ ကိုကိုဒေါက်တာနဲ့ အတူရှိနေတဲ့ ကျဲကျဲတွေက မနေ့ညက မားမားကိုတပ်ထားပေးတဲ့ စက်တွေကိုဖြုတ်ပေးနေကြတာမို့~
~~အော် ကိုကိုက ဒီနေ့ မားမားကို အခန်းပြောင်းပေးမှာတဲ့ ဒါပေမဲ့ မားမားက အိပ်တုန်းလေ မားမားထတဲ့ထိလဲ မစောင့်ကြဘူးဟွန့်~~
သူနဲ့ ကိုကို ကိုတွေ့တော့ အခန်းပြင်ထွက်လာတဲ့ ကိုကိုဒေါက်တာကို ရိပေါ် complain တက်ရန် ပြင်လိုက်တယ်။
" ကိုကို ဒေါက်တာ မားမားက နိူးတောင်မနိူးသေးဘူးလေ မားမား ထတဲ့ထိစောင့်ပြီးမှ အခန်းပြောင်းလို့ရဘူးလားဟင်"
"ဟို"
" ဟင့် မားမားကလဲ အိပ်ပုတ်ရီး သားတောင်ထလို့ ဒီတောင်ရောက်နေပြီကို မားမားက ခုထိမထသေးဘူး ဟွန့်"
ကျိုးချန် သူ့ရှေ့က မိခင်ရှိရာကို မှန်ကနေတဆင့် လှမ်းကြည့်ကာ သူ့မားမားမထသေးဘူး အထင်နဲ့ စူပုတ်ပုတ်ပြောနေတဲ့ ကလေးကို ကြည့်ပြီး ကျိုးချန် ရင်ထဲ ဘယ်လိုမှမကောင်း။
" ကျိုးချန် ငါတို့မှီ..."
မှန်ကနေတဆင့် သူ့မားမားကို လှမ်းကြည့်နေတဲ့ ကလေးငယ် မကြားအောင် အသံတိုးလေးနဲ့ပြော လာတဲ့ ရှောင်ကျန့် က ဘာကိုမေးချင်မှန်းသူသိတာမို့ ရှောင်ကျန့်ကို ခေါင်းခါပြလိုက်ကာ~
" မ မမှီလိုက်ဘူး ရှောင်ကျန့်ရာ"
"ဟာာာာ"
ရိပေါ် အိပ်နေတဲ့ မားမားကို ငေးကြည့်နေမိစဉ် ခုနက မားမားကို စက်ဖြုတ်ပေးနေကြတဲ့ ကျဲကျဲတွေက စက်တွေလဲအကုန်ဖြုတ်ပြီးရော မားမားကိုယ်ပေါ်ကစောင်ဖြူကြီးနဲ့ မားမားရဲ့ မျက်နှာ ကိုပါ ဖုံးရန်ပြင်နေကြသည်မို့ ရိပေါ် အပြင်ကနေ အလန့်တကြားထအော်မိသည်။
YOU ARE READING
Born To Love You 💞
Fanfictionနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...