EP- 35

1.2K 103 16
                                    


Unicode

ကျိုးချန် မနက်ရောက်တော့ ညဂျူတီ ပြီးဆုံး၍ ပြန်နားရန် အိမ်သို့ ပြန်ရန် ပြင်လိုက်သည်။

ကားတံခါးဖွင့်နေစဉ်  သူ့ကိုတွေ့တော့ အော်ခေါ်ကာ သူရှိရာဆီသို့ လျောက်လာနေ တဲ့ စီနီယာယွမ်ကြောင့် ကားထဲမဝင်သေးဘဲ စောင့်နေလိုက်သည်။

"ကျိုးချန်"

"အာာ စီနီယာယွမ် morning.."

"Morning morning...ဒါနဲ့ ဟိုလေ ပြောပြစရာရှိလို့ ဟို ဒေါက်တာကျိုးချန် ခင်ဗျားတာ၀န်ယူ ကုခဲ့တဲ့ ကလေးလေ  မှတ်မိလား"

" ဗျာ ကျတော် တာ၀န်ယူကုတဲ့သူ ဟုတ်လား ဘယ်သူလဲ မသိဘူးဗျ"

" ဟိုကလေးလေ  အသားဖြူဖြူလေး...မျက်နှာလုံးလုံးလေးနဲ့ ချစ်စရာလေးလေကွာ... လွန်ခဲ့တဲ့၂လလား ၃လလား အဲ့တုန်းကဘဲ သူ့မားမား ဆုံးသွားခဲ့တာလေ အော် အဲ့တုန်းက ဒေါက်တာဘဲ အစစအရာရာလိုက်စီမံပေးခဲ့တာလေ"

စီနီယာယွမ်ရဲ့ အပြောတွေကို နားထောင်ပြီး  ကျိုးချန်ဦးနှောက်ထဲ စီနီယာယွမ်ဆိုလိုချင်တာ ဘယ်သူဆိုတာတန်းပေါ်လာသည်။

~~ ရိ ရိပေါ်လေးဘဲ ~~

ကျိုးချန်အတွေးတွေများနေပြီးမှ ~

" ဗျာ ရိပေါ်လား သူ  သူ ဘာဖြစ်လို့လဲ"

" ဟုတ်တယ် ဟုတ်တယ် အဲ့ကလေး ... မနေ့ညက ဆေးရုံအုပ်က  သူသွားဖို့အဆင်မပြေလို့ အရေးပေါ် လူနာသွားကြည့်ပေးလို့ရမလား ဆိုပြီး အကူအညီတောင်းလာတယ် အဲ့ဒါနဲ့ ၀မ်အိမ်တော် ကိုသွားကြည့်ပေးရတယ်  အဲ့မှာ မှ အဲ့ ကလေးမှန်းသိတာ အဲ့ကလေးက ချစ်စရာလေးမို့ မင်းဆီလာလာနေတည်းက မှတ်မိနေခဲ့တာ  ..... အဲ့ ကလေး အရိုက်ခံထားရတာ ကြည့်ရတာ အနှိပ်စက်ခံထားရတဲ့ လူတယောက် လိုဘဲ ခေါင်းတွေအပြင် တကိုယ်လုံးလဲရစရာကိုမရှိဘူး  သေလုမြောပါးဘဲ အသက်မနည်းပြန်လုထားရတာ  "

" ဗျာ ဘယ်လိုဖြစ်လို့ ရိပေါ်လေးက အရိုက်ခံရတာလဲ "

~~ ဘယ်လိုဖြစ်လို့ ရှောင်ကျန့် အရိပ်အောက်မှာ လုံခြုံနေရမဲ့ ကလေးက ဘယ်လိုဖြစ်လို့ အရိုက်ခံရတာလဲ ပြီးတော့ ရှောင်အိမ်မှာ ရှိနေရမဲ့ကလေးက ဘယ်လိုလုပ် ၀မ်အိမ်တော် ရောက်နေရတာလဲ~~

Born To Love You 💞Tempat cerita menjadi hidup. Temukan sekarang