EP- 45

1.2K 87 4
                                    



ရိပေါ် ပြင်ဆင်ပြီးအောက်ဆင်းလာတော့  ဧည့်ခန်းဆိုဖာမှာ ခြေပစ်လက်ပစ်ထိုင်ကာ မျက်ရိုးတွေနှိပ်နေတဲ့ ရှင်းgeကိုတွေ့လိုက်တော့ သူကြောင်သွားရသည်။ ဒီချိန် geက companyမှာ ရှိနေရမဲ့အချိန်မလား စဉ်းစားနေရင်း သူ့ခြေလှမ်းတွေက ဧည့်ခန်းထဲက Geဆီသို့~

"Ge "

" အာာ ဝမ်လေး"

"အလုပ်သွားလိုက်ပြီမဟုတ်ဘူးလား"

သူမေးလိုက်တော့ နွမ်းဖတ်နေတဲ့ မျက်နှာနဲ့ geက~

" Ge ခေါင်းနဲနဲ ကိုက်နေလို့  နေ့တပိုင်းနဲ့ ပြန်လာနားလိုက်တာ"

" ဟင် ဟုတ်လား သားဘာ‌လုပ်ပေးရမလဲ ဆေးသောက်ပီးပြီလာ"

" သောက်ထားပြီးပါပြီ ခနနေ တရေးအိပ်လိုက်ရင် သက်သာသွားမှာပါ ..   ဒါနဲ့ ဝမ်လေးကဘယ်သွားမို့လဲ"

သူ့တကိုယ်လုံးကို ခြုံငုံ ကြည့်ကာပြောလာတဲ့ Ge

" သား အပြင်ခနသွားမလို့ Ge  "

"ဝမ်လေးမားနဲ့ပါး ဆီကိုလား"

"ဟုတ်... သားပြန်ရောက်တာ တပတ်တောင်ရှိနေပြီ ခုထိ မားတို့ကိုသွားမတွေ့ရသေးလို့.. အဲ့ဒါ...."

" အဲ့ဒါစောစော ပြောရောပေါ့ဝမ်လေးရယ် geလိုက်ပို့ပေးမှာပေါ့ "

"ကဲ....လာ သွားကြရအောင်"

ပြောပြောဆိုဆိုနဲ့ ကားသော့ကောက်ယူကာ သူ့ကိုသွားရန်ခေါ်နေတဲ့ ge

"Ge ခေါင်းကိုက်နေတယ်ဆို"

"အင်းလေ ဒါပေမဲ့ ရပါတယ် ဆေးသောက်ထားပြီးပြီဘဲ"

"မဟုတ်တာ နားလိုက်ပါ သားဘာသာသား သွားပါ့မယ်"

" တယောက်တည်းလွှတ်ဖို့ Ge ဘယ်လိုစိတ်ချမှာလဲ ဝမ်လေးရာ "

" သားရဲ့မွေးရပ်မြေပါgeကလဲ ပြီးတော့ ခု သားကို အရင်လို လွယ်လွယ်နဲ့ အနိုင်ကျင့် လို့လဲမရတော့ပါဘူး သွား  သွားနားလိုက်နော် လိမ္မာတယ်"

"Ok ok တခုခုဆိုရင်တော့ ချက်ချင်းဖုန်းဆက်နော် "

Geကို အတင်းတွန်းကာ အခန်းထဲ ပို့လိုက်တော့မှ လက်လျော့သွားတဲ့ ge.

Born To Love You 💞Donde viven las historias. Descúbrelo ahora