EP- 5

2K 143 4
                                    

Unicode

ရှောင်ကျန့် သူ့ရှေ့က ရေခဲမုန့်တွေနဲ့ ကိတ်တွေကို အားရပါးရ စားနေလို့ လှုပ်စိနေတဲ့ ပါးဖောင်းလေးတွေ ကို အူအရမ်းယားစွာ ငေးကြည့်နေမိတယ်။

သူငေးကြည့်နေတာကို ကလေးငယ်လေးက မြင်သွားတော့~

" ကိုကိုက ဒါကို မကြိုက်ဘူးလား ဟင်"

"အာာ ကိုကိုက "

"အ့ဆို သားစားလိုက်မယ်နော် ဟီးးး"

သူ့စကားတောင်မဆုံးသေးခင် သူ့ရှေ့က ကိတ်ပန်းကန်လေးကို သူ့ဖက်ဆွဲကာပြောလာတဲ့ ကလေးငယ်ကြောင့် သူရယ်လိုက်မိတယ်။

" ဟက် ဟက် အင်း အင်း ...လိုချင်သေးလား ကိုကို ထပ်မှာပေးရမလား ကလေးလေး"

သူမေးတော့ ခေါင်းလေးခါပြကာ ပြောလာသည်က~

"ဟင့်အင်း  တကယ်တော့ သားက ၀ပြီ ကိုကိုရဲ့ မားမားက ပြောတယ် အစားအသောက်ကို မလွှင့်ပစ်ရဘူးတဲ့ အ့ကြောင့် ကိုကို မစားရင် လွှင့်ပစ် နေမှာစိုးလို့ သားက ကိုကို့အစား  စားပေးတာ "

စကားတတ်လွန်းတဲ့ ကလေးငယ်ကြောင့် ရှောင်ကျန့်ဒီတခါတော့ မနေနိုင်တော့ဘဲ ရှေ့က ပါးဖောင်းလေး ကို ဆွဲဖျစ်လိုက်မိတော့ နူးညံ့စွာ ပြန်ပြုံးပြလာတဲ့ ကလေးငယ် ။

"စား  ပြီးရင် ကိုကိုတို့ လျောက်လည်ကြမယ် ကလေးလေး ဘယ်သွားချင်လဲ "

"ကစားကွင်း "

"Okay သွားကြမယ်"

" ရေးးးးဟေးးး"

ပျော်ရွှင်စွာ ထအော်တဲ့ ကလေးငယ်ကြောင့် လူတွေ ဝိုင်းကြလာသော်လည်း ရှောင်ကျန့် ရှက်တယ်လို့ မခံစား မိတော့ဘဲ ကလေးငယ်ကို ပျော်ရွှင်စေနိုင်တဲ့ အတွက် သူဂုဏ်တောင် ယူနေမိသည်။  ဒီ ဖြူစင်လွန်းတဲ့ ကလေးငယ်လေးက ‌အပြုံးတွေနဲ့ဘဲ ထိုက်တန်တာမို့လေ။


      *************

ရိဖန် ပြိုင်ကွင်းသို့ အသွား အအေးဆိုင်ထဲက ထွက်လာတဲ့  ကောင်လေး နဲ့ ဟိုနေ့ညက သူတို့နဲ့ ပြသနာဖြစ်တဲ့လူ ကို အမှတ်မထင်တွေ့လိုက်သည် ။

ထိုလူက ကောင်လေးကို ချီသွားတာကြောင့်  ရိဖန် ကားကိုရပ်ကာ အကဲခတ်ကြည့်လိုက်တော့ ကောင်လေးရဲ့ ခြေထောက်တဖက်က ဘောင်းဘီကို ခေါက်တင်ထားကာ ဒူးနားစည်းထားတဲ့ ပတ်တီးလေးတွေ ကြောင့် ဒီကောင်လေးဒဏ်ရာ ရထားမှန်းသူသိလိုက်တယ်။ ထို့နောက် ဟိုလူကို ပြန်ကြည့်မိတော့~

Born To Love You 💞Hikayelerin yaşadığı yer. Şimdi keşfedin