EP- 30

1.3K 105 13
                                    


Unicode

ရှောင်ကျန့်တို့ သတင်းစာရှင်းလင်းပွဲကျင်းပရာ X's Hotelကို သွားနေစဉ် ~

တီး တီး တီး~

တီး တီး တီး~

တိတ်ဆိတ်နေတဲ့ကားပေါ်တွင် ဆူညံစွာအော်မြည်လာတဲ့ ဖုန်း။ ရှောင်ကျန့် ဖုန်းကို ထုတ်ကြည့်လိုက်တော့ ဟိုက်ခွမ်း။

"ရှောင်ကျန့်"

"အေ ပြော ဟိုက်ခွမ်း"

"မင်းတို့ လာနေပြီလား"

"ရောက်တောင် ရောက်ခါနီးနေပြီ ဘာလို့လဲ"

"  Hotelရှေ့မှာ သတင်းထောက်တွေ အများကြီး ရှိနေတယ် ကြည့်ရတာ အထဲဝင်ခွင့်မရတဲ့သတင်းထောက်ထင်တယ် အဲ့ဒါ Hotel အနောက်ဖက် VIPပေါက်ဖက်ကလာလို့ ပြောမလို့"

"Ok ok thanks"

"Ok"

"See you"

"ဘယ်သူလဲ သား"

ဖုန်းကျသွားတာနဲ့ မေးလာတဲ့ ပါး။ သူကြည့်လိုက်တော့ ကလေးလေးနဲ့ မားကလဲ သူ့မျက်နှာကို သိချင်စိတ်နဲ့ ငေးကြည့်နေကြလေရဲ့။

" ဟိုက်ခွမ်းပါ ပါး hotelရှေ့မှာ သတင်းထောက်တွေအများကြီးရှိလို့ အနောက်က လာဖို့လှမ်းသတိပေးတာ"

" ဘာလို့လဲ"

"ဗျာ"

" သားတို့က အမှားကျူးလွန်ထားသူတွေမှမဟုတ်တာ ဘာလို့ သားတို့က သူတို့ကို ရှောင်သွားပေးရမှာလဲ"

ပါးရဲ့စကားကြောင့် ရှောင်ကျန့် သက်ပြင်းခိုးချလိုက်မိသည်။ သူပါးကိုနားလည်တယ်။ ပါးရဲ့ဆိုလိုရင်းကိုလဲ နားလည်တယ်။ သူကိုယ်တိုင်ကလဲ ခုလို မရှောင်ရှားချင်ဘူး ဒါပေမဲ့ သူ့မှာ ကာကွယ်ပေးရမဲ့ ကလေးလေးရှိတယ်လေ။ Mediaတွေအကြောင်း ရှောင်ကျန့်သိသည်။ အထူးသဖြင့် တက်သစ်စ mediaမျိုးတွေ ၊ သူတို့က နာမည်ရဖို့တခုသာကြည့်တာ သူတို့မှာ စည်းဆိုတာမရှိသလို လူလူချင်းစာနာစိတ်ဆိုတာ မရှိဘူး။  အဲ့ဒါကြောင့်  ကလေးငယ်ကိုမထိခိုက်စေဖို့ သူ ခုလိုရှောင်သွားရန်သာ တတ်နိုင်သည်လေ။

"ပါးဆိုလိုချင်တာ ကျတော်နားလည်ပါတယ်ပါး  ဒါပေမဲ့ သူတို့အကြောင်းပါးလဲသိသားဘဲ သူတို့ ရေးစရာသတင်းတပုဒ် ရဖို့ဆို မပြောရဲတာမရှိသလို မမေးရဲတာလဲ မရှိဘူးဆိုတာ"

Born To Love You 💞Tempat cerita menjadi hidup. Temukan sekarang