EP- 20

1.6K 125 4
                                    


Unicode

ရှောင်ဖန်း  တနေ့လုံး ဘာမှမစားဘဲ အခန်းအောင်းကာ ငိုသာငိုနေတဲ့ ကလေးကို ချော့မော့ကာ ညနေစာလေးကိုတော့ ၀င်အောင် ကျွေးရန် လာခဲ့လိုက်တော့
သူမ မြင်လိုက်ရတာက မွေ့ယာလေးထက်မှာအိပ်မောကျ နေရှာတဲ့ ကလေးငယ်။ ကြည့်ရတာ ငိုရင်းနဲ့ အိပ်ပျော်သွားတယ်ထင်ပါရဲ့။

" ဒီချိန်ကြီး အိပ်ရင်ဖျားတော့မှာဘဲ ကလေးရယ်"

ညနေစောင်း အိပ်ရင် ဖျားမည်စိုး၍ နိူးရန် သူမ  ရိပေါ်ဘေးနားကို သွားလိုက်တော့ ချွေးစေးတွေပြန်ကာ ငြီးငြူနေတဲ့ ကလေးငယ်ကြောင့် သူမ နဖူးကို ထိကြည့်လိုက်တော့

"ဟာာာ ပူကျစ်နေတာဘဲ "

"သားး ရိပေါ်"

"..."

"ရိပေါ် ကလေး "

ဘယ်လိုနိူးနိူးထမလာဘဲ ငြီးငြူမြဲ ငြီးငြူနေစဲမို့ ဒေါက်တာကိုသာ ပြေးခေါ်ရန် ပြင်လိုက်ရသည်။

   ****

"Dr ရိပေါ်လေး အခြေအနေ"

"   ဒဏ်ရာ အရှိန်နဲ့ ကြောင့် အဖျားပါ၀င်သွားတာပါ မဟုတ်တောင် ခုချိန်မှာ ဒီကလေးက ကိုယ်ခံအား အရမ်း‌နည်းနေတုန်းမို့ အဖျား၀င်အရမ်းလွယ်တယ် အဲ့ဒါကြောင့် ရှောင်ကတော်တို့က  အများကြီး ဂရုစိုက်ပေးဖို့လိုတယ်ဗျ လောလောဆယ်တော့ ကျတော် ဆေးထိုးတော့ထိုးပေးထားတယ် ‌သောက်ဆေးတချို့လဲ ပေးခဲ့မယ်နော် မနက်ဖြန်မှ ကျတော်ဆေးရုံမသွားခင်တချက် ၀င်လာခဲ့လိုက်ပါ့မယ်"

"ဟုတ်ကဲ့  ကျေးဇူးပါDr"

"ဟုတ်ကဲ့ အဲ့ဒါဆိုကျတော့ကို ခွင့်ပြုပါအုံး ရှောင်းကတော်နဲ့ ရှောင်း ဥက္ကဌ"

"  ဟုတ်ပါပြီ"

"ဖြေးဖြေးသွားပါ Dr"

Drထွက်သွားမှ စကားစလာတဲ့ ရှောင်သခင်ကြီး~

"ရိပေါ်လေးကို  တယောက်တည်းထားခဲ့တာလား "

"  ဦးလေးလုံ ရှိတယ်"

"အင်း အင်း ဒါနဲ့ ဒီနေ့ ဘယ်လိုဖြစ်ကြတာလဲ"

"ကျမလဲ အကုန်စေ့စေ့စပ်စပ်တော့ မသိပါဘူးပါးရယ် ဒါပေမဲ့ ဒီကလေးပြောတာ နားထောင်ပုံ အရကတော့..."

Born To Love You 💞Where stories live. Discover now