EP - 4

2K 159 10
                                    

Unicode

ရှောင်ကျန့်  company သွားရန်ပြင်ဆင်ပြီးတော့ သူ့အခန်းကနေ ပါးတို့အခန်းသို့ကူးသွားလိုက်သည်။

သူ ပါးတို့အခန်းထဲရောက်တော့ မွေ့ယာခေါင်းရင်းကိုမှီရင်း မှန်ပြတင်းအပြင်ဖက်ကို ငေးနေတဲ့ ပါး ကို ကြည့်ကာ သူသက်ပြင်းခိုးချလိုက်မိတယ်။ တချိန်က သူတို့ အတွက် အရမ်းအားကိုးခဲ့ရတဲ့ အိမ်ထောင်ဦးစီးကောင်း ဖခင်ကောင်း တယောက်တင်မက ၀န်‌ထမ်းတွေအတွက်လဲ လူကြီးကောင်း တယောက်ဖြစ်ခဲ့တာ ဒါပေမဲ့ အသက်ရွယ်တခုရလာတော့  နှလုံးမကောင်းရာက အစပျိုးပြီး ကျန်းမာရေး တစထက်တစချူခြာလာခဲ့သည်။  မထင်ရင် ထင်သလို ရောဂါထထဖောက်တတ်တာကြောင့် အသက်ကယ် စက်ကိရိယာတွေနဲ့ အဝေးမှာကြာကြာထားလို့မရသဖြင့် ပါးက အပြင်လောကကို ခြေမချဖူးတော့တာ တောင် အတော်ကြာနေပြီ။ သူ‌ပါးကို ခုလို အခြေနေမျိုးနဲ့ တွေ့ရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့တာအမှန်ပေ။

ခြေသံကြားတာနဲ့ လှည့်ကြည့်လာကာ အနွေးထွေးဆုံးပြုံးပြလာတဲ့ပါးက ခုထိ သူတို့ကို လုံခြုံနွေးထွေးစေတဲ့ shelterကြီး ဖြစ်နေစဲ။

ရှောင်ကျန့် ပါးဘေးက နေရာလပ်လေးမှာ၀င်ထိုင်လိုက်ရင်း~

"Morningပါး နေရထိုင်ရ သက်သာရဲ့လား ပါး"

"ပါး သက်သာပါတယ်သား  companyသွားတော့မို့လား"

"ဟုတ်ပါး"

ပါးက သူ့လက်တွေ ကို ဆုပ်ကိုင်လာပြီး ~

" ပါးကြောင့် သားလဲပင်ပန်းနေရရှာပြီ"

"မဟုတ်တာ သားမပင်ပန်းပါဘူးပါးရဲ့ ပြီးတော့ ခု သားကတလှည့် ပြန်စောင့်ရှောက်ပေးရမဲ့ အချိန်မို့  ပါးက စိတ်ညစ်စရာ တွေဘာမှမတွေးနဲ့ အားနာစိတ်တွေလဲ မဖြစ်ပါနဲ့  ပါးလုပ်ရမှာက သားတို့အတွက် ကျန်းမာအောင်သာနေပေးပါ ပါးကို ကျတော်တို့လိုအပ်တာမို့ ကျတော်တို့နဲ့ အမြဲအတူ ရှိနေပေးပါနော် "

" လိမ္မာလိုက်တဲ့ သားလေး"

သူနဲ့ ပါး ‌စကားပြောနေတုန်း ၀င်လာတဲ့မား~

"အော် မားက သားမထသေးဘူးထင်လို့ သွားနိုး‌တော့မလို့ ဒါနဲ့ သားသွားတော့မလို့လား ဒီနေ့စောတယ်နော်"

Born To Love You 💞Tempat cerita menjadi hidup. Temukan sekarang