EP- 24

1.4K 119 7
                                    


Unicode

ရှောင်ကျန့်  ကလေးငယ် အတွက် သူကြိုက်တဲ့ ပင်လယ်စာဆန်ပြုတ်လေးကို သူကိုယ်တိုင် ချက်ပေးနေသည်။ အိမ်က ၀န်ထမ်းတွေကို ချက်ခိုင်းရင်ရပေမဲ့ ကလေးငယ်လေးအတွက် သူကိုယ်တိုင် လုပ်ပေးချင်တာမို့ အခြားသူတွေကို လုပ်ခွင့်မပေး။

သူချက်ပြုတ်နေစဉ် သူ့အနားရောက်လာတဲ့ မား။

"သား ဘာလုပ်နေတာလဲ"

" ကလေးအတွက် ဆန်ပြုတ်ပြုတ်နေတာမား"

" ရိပေါ်လေး သတိပြန်ရပြီလို့လား"

" ဟင့်အင်းမား  ကြို ချက်ထားတာ  အေးသွားရင်လဲ ပြန်နွေးလိုက်မယ်လေ "

"မားကိုပြောလိုက်လဲရသားနဲ့ သားရယ်"

"သားကိုယ်တိုင်လုပ်ပေးချင်လို့ပါ "

" အင်းပါ အင်းပါ"

စကားသံတိတ်သွားတာကြောင့် မားသွားလိုက်ပြီထင်တာကြောင့် လှည့်ကြည့်လိုက်တော့ သူ့ကို ရပ်ကြည့်နေသေးတဲ့မား။

" မား  သားကို တခုခုပြောစရာရှိလို့လား"

မားမျက်နှာက တခုခုကို ပြောချင်နေသလိုမို့ ရှောင်ကျန့်မေးလိုက်တော့~

" သား ဝူခြူးဟွား ကိုဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ ပါးနဲ့ မား ရဲ့ သဘော ကတော့ သူနောက်တခါ မထိပါးရဲလာအောင်  သားတခုခု လုပ်သင့်တယ်လို့ထင်တယ် "

" ကျတော် လုပ်ချင်တာပေါ့မားရာ  ဒါပေမဲ့ တစုံတယောက်ရဲ့ တောင်းဆိုသံကိုကျတော် မငြင်းပယ်နိုင်ဘူး  ဒါပေမဲ့ မားစိတ်ချပါ နောက်တခါဆို ကျတော် သတိကြီးကြီးထားပါ့မယ် ပြီးတော့ သူတို့နဲ့ ပတ်သက်စရာ မရှိအောင် ကျတော် လုပ်မှာပါ "

ရှောင်ကျန့် ပြောလိုက်တော့ အမြဲသူ့ကို နားလည်ပေးတဲ့မားက~

"အင်းပါ သားသဘောပါ ကဲ ကဲ မြန်မြန်ချက်ပြီး ကလေးနား ပြန်သွား ခနနေ ရိပေါ်လေး သတိရလာရင် အနားနှာ မရှိဘဲ နေမယ် "

" ဟုတ်မား"

     ****

ရှောင်ကျန့် ချက်ပြီးတာနဲ့  ကလေးငယ်ရှိရာ သူ့အခန်းဆီ ပြန်လာလိုက်သည်။

Born To Love You 💞Onde histórias criam vida. Descubra agora