Unicodeရိပေါ် ထွက်သွားတဲ့ ကိုကို့နောက်ကျောပြင်ကို လိုက်ကြည့်ရင်း ပိုပို၍ ငိုချင်လာသည်။
ခု ကိုကိုက သူမဟုတ်တဲ့ အခြားတယောက်ကို ပိုဂရုစိုက်နေ တာ။ ဟိုကျဲကျဲပြောသလို ကိုကိုက တကယ် အဲ့ ကျဲကျဲကိုဘဲ ချစ်တာလား အဲ့ဒါကြောင့်မို့ ကိုကိုက သူ့ကိုတောင်ဂရုမစိုက်ဘဲ ကျဲကျဲ ကိုဘဲ ကျဲကျဲကိုဘဲ ... ဒါပေမဲ့ သူ့မှာ ကိုကိုဘဲ ရှိတော့တာလေ...
အမြဲတမ်း သူ့ကို နူးညံ့စွာသာ ကြည့်တတ်တဲ့ကိုကိုက သူ့ကို မယုံနိုင်စွာ ထိတ်လန့်စွာ နဲ့ ကြည့်သွားခဲ့တဲ့ ကိုကို့ရဲ့ မျက်လုံးအစုံက သူ့မြင်လွှာထဲက မပျောက်ကွယ်သွားသလို ကိုကိုရဲ့ ယူကြုံးမရဖြစ်သည့် အသံ တွေကလဲ သူ့နားထဲက မထွက်။
ကိုကို သူ့ကို မယုံဘူး ဆိုတဲ့ အသိက သူ့ရင်ဘတ်ကို အတိုင်းမသိနာကျင်စေတယ်။~~ ကိုကိုက သားကို တကယ်မယုံဘူးလားဟင်~~
ရိပေါ် တွေးရင်း တွေးရင်းနဲ့ ပိုပို ကြောက်ရွံ့လာတာနဲ့ အမျှ သူ့ လက်ထဲက နှင်းဆီကိုင်းလေးကို ပိုတင်းကြပ်စွာ ဆုပ်ကိုင်မိတော့ နှင်းဆီကိုင်းတလျောက် ယိုစီးကျကာ မြက်ခင်းစိမ်းပေါ် စီးကျသွားတဲ့သွေးတွေကို သူကိုယ်တိုင်တောင်သတိမထားမိတော့ပေ။
ပန်းပင်လေးတွေရဲ့အနား ကျောက်ရုပ်တရုပ်လို ရပ်နေတဲ့ လူသားလေးကတော့ လက်က နာကျင်နေတာကိုမခံစားရလောက်အောင်ကို သူ့ရင်ဘတ်က ပို၍ နာကျင်လွန်းလှသည် ထင်ပါ့ ။
"သား မ.. မလုပ်ပါ ...ပါဘူး "
"သား မလုပ်ဘူး လို့"
ရိပေါ် ဘယ်လိုမှ မမြိုသိပ်နိုင်တော့တဲ့ အဆုံး နူတ်ကနေပါ ခံငြင်းနေမိပေမဲ့ သူ့ကိုကျောခိုင်းထွက်သွားတဲ့ ကိုကိုက သူ့မြင်ကွင်းထဲကနေတောင်ပျောက်သွားခဲ့ပြီ။
"ကိုကို အင့် ကိုကို ညာတယ် အင့် ပြော အင့် ပြောတော့ သားကို အမြဲ ကာကွယ်ပေးမှာဆို အင့် ကိုကိုညာတယ် ခု အင့် ခုကိုကိုက သားကို ပစ်သွားတယ် အင့် သား အင့် သားကို ကိုကိုက အမြဲ ကာကွယ်ပေးမယ်ပြောပြီး အင့် ခု အင့် ခုတော့ ကိုကိုက သားကို ယုံ အင့် ယုံတောင်မယုံပေး ဘူး "
YOU ARE READING
Born To Love You 💞
Fanfictionနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...