EP- 55

958 66 8
                                    


Unicode

" Morning boss"

"Morning ဦးလေးရှု"

"ဒီနေ့  ဘာschedule တွေရှိလဲ"

မေးလိုက်သော်လည်း ခါတိုင်းလို အဖြေပြန်မလာတာကြောင့် ရှောင်ကျန့်လှည့်ကြည့်လိုက်တော့ အနောက်ကပါမလာတဲ့ ဦးလေးရှု။

"ဦးလေးရှု ဘာရှာနေတာလဲ "

ရှောင်ကျန့် ကားပေါ်ကဆင်းပြီးလို့ အရှေ့ကသွားနှင့်တာတောင် ဦးလေးရှုက နေရာကမရွေ့ဘဲ ကားထဲကို တချောင်းချောင်းနဲ့မို့ ရှောင်ကျန့်မေးလိုက်မိဝော့ာ~

"ရိပေါ်လေး မပါလာဘူးလား boss"

"အာာာ ဟုတ် မပါလာဘူး"

သူဖြေလိုက်မှ သူ့ရှိရာကို အမြန်လျောက်လှမ်းလာတဲ့ ဦးလေးရှု ။ ပါးစပ်ကလဲ စကားတွေ တရစပ်ဆိုနေလေရဲ့။

" ဉက္ကကြီးတို့လဲ အိမ်မှာမရှိဘဲနဲ့ ကလေးတယောက်တည်းဖြစ်ပါ့မလား ကျတော်ပြန်သွားခေါ်ပေးရမလား"

အဲ့လိုပါဆို ကျတော့ပတ်ဝန်းကျင်က လူကြီး လူငယ် လူရွယ် အကုန်လုံးက ကျတော့ ကလေးကိုဆို သည်းသည်းလှုပ်။ အဲ့ဒါက ကောင်းတော့ကောင်းပေမဲ့ တခါခါကျတော့ သူသိပ်အလိုမကျချင်။

"ရတယ် ဦးလေးရှု ကျတော်ခေါ်တယ် ကလေးက မလိုက်ချင်ဘူးဆိုလို့ထားခဲ့ရဝာာ ကျတော် အစည်းအဝေးပြီးတာနဲ့ ပြန်လိုက်မယ် ဦးလေးရှုက လက်မှတ်ထိုးစရာတွေ အစီရင်ခံစာတွေကို တချက် စု‌ထားပေး ဒီနေ့တော့ ကျတော် အိမ် ကနေဘဲ လုပ်လိုက်မယ်"

"ဟုတ်ကဲ့ boss ဒါပေမဲ့ အစည်းအဝေးပြီးရင်ပြန်လို့မဖြစ်ဘူး ထင်တယ်   ဒီနေ့ နေ့လည် US က ရင်းနှီးမြှပ်နှံသူနဲ့ တွေ့ဖို့ရှိပါတယ် "

" အဲ့ဒါဆို အစည်းအဝေးပြီးတာနဲ့ သူနဲ့တွေ့မယ် ချိန်းထားတဲ့ အချိန်ရွေ့ဖို့ အဆင်ပြေမလား မေးကြည့်ထားပေး"

"ဟုတ်ကဲ့ boss"

  ******

" မိပြီလား အေးငါအခုချက်ချင်းလာခဲ့မယ် "

ဖန်ရှင်း  ကြားလိုက်ရတဲ့ စကားသံကြောင့် တံခါးခေါက်မဲ့ လက်ကတွန့်သွားခဲ့၏။

မိပြီတဲ့ ဘယ်သူ့ကိုလဲ မဟုတ်မှ ......

‌ဖန်ရှင်းတုန်လှုပ် ခြောက်ခြားစွာနဲ့ တွေးမိနေရင်းကမှ တဖြည်းဖြည်းနီးကပ်လာတဲ့ ဒေါက်ဖိနပ်သံကြောင့် ဖန်ရှင်းအကွယ်တနေရာသို့ အမြန်ပြေးပုန်းနေလိုက်သည်။

Born To Love You 💞Wo Geschichten leben. Entdecke jetzt