EP- 31

1.3K 108 6
                                    


Unicode


ရှောင်ဖန်း မနက်စာပြင်ဆင်ပြီးဝောာ့ သားငယ်လေး အတွက် နွားနို့ကြိုပေးနေ‌လေသည်။  အိမ်ကကောင်မလေးတွေကိုခိုင်းရင်ရပေမဲ့ သားငယ်လေးအတွက်ဆို အရာအားလုံး သူမကိုယ်တိုင်လုပ်ပေးရမှ စိတ်တိုင်းကျတာကြောင့် သားငယ်အတွက်ဆို အခြားလူတွေကိုဘယ်တော့မှမခိုင်းပေ။

သူမ သားငယ်လေးအကြောင်းတွေးရင်း နွားနိူ့လေးမွှေနေစဉ် သူ့ခါးအနောက်ကနေ သိုင်းဖက်လာတဲ့ လက်ဖောင်းဖောင်းလေးတစုံ။ ဒီနောက်ပိုင်း သူမကြုံနေကျအလေ့အထတခုလိုကို ဖြစ်နေတာကြောင့် ဘယ်သူဆိုတာ လှည့်ကြည့်စရာ မလိုတော့လောက်အောင်ပင် သူမ အတပ်သိနေပြီဖြစ်သည်။

"နိူးပြီလား မားသားငယ်လေး"

" ဟုတ်မားမား"

'မွ'

" morningမားမား"

အနောက်ကနေ သူ့ပါးကို မမှီမကမ်းတဲ့ လှမ်းနမ်းလာတဲ့ ကလေးငယ်။ ဒါလဲ ဒီနောက်ပိုင်းသူမ ကြုံနေကျ အလေ့အထနောက်တခုပေါ့။ ဒီကလေးက ဒါတွေနဲ့ဘဲ သူမကို အပိုင်ချုပ်ထားတာ ခုဆို ဒီကလေးက သူမရဲ့ အသည်းနှလုံးတခုလုံးကို ဖြစ်လို့။ သူမ တင်မကပါဘူး ဒီကလေးလေးရဲ့ ချစ်စရာကောင်းတဲ့အပြုအမူနဲ့  ဖြူစင်တဲ့ စိတ်ထားလေးကြောင့် တအိမ်လုံးက လူတွေရဲ့ နှလုံးသားကိုအကုန် သူဘဲအပိုင်ယူထားတာ။

" Morning သားငယ်လေး သားကိုကိုကော နိူးပြီလား "

" ဟုတ်မားမား  companyသွားဖို့ပြင်နေတယ် ခနနေမှ ဆင်းလာခဲ့မယ်တဲ့"

" ဟုတ်ပါပြီ မားအစား သားပါးပါးကို သွားခေါ်ပေးမလားဟင်  မားဒီမှာလုပ်လက်စဖြစ်နေလို့ "

"ဟုတ်မားမား"

သွက်လက်စွာ မီးဖိုထဲက ပြန်ပြေးထွက်သွားတဲ့ကလေးငယ်ကိုကြည့်ကာ ရှောင်ဖန်းနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။

  ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို အနည်းငယ်မေ့ပျောက်နေနိုင်ပြီဖြစ်တဲ့ ကလေးငယ်က ခုဆို သူမ ပထမဆုံးကြုံခဲ့တဲ့နေ့ကလို သွက်သွက်လက်လက် လန်းလန်းဆန်းဆန်းလေးပြန်ဖြစ်နေလေပြီမို့ သူမအမှန်တကယ်ကိုဝမ်းသာမိသည်။

Born To Love You 💞Where stories live. Discover now