EP- 26

1.3K 105 8
                                    


Unicode

" ပါး ဟွားးကို ခေါ်တယ်ဆို "

ပါးခေါ်တယ်ဆိုလို့ ပါးရှိရာ စာကြည့်ခန်းထဲသွားကာ သူ့ကို ကျောပေးရပ်နေတဲ့  ပါးနားသွားရပ်ကာ မေးလိုက်တော့။

'ဖြန်း'

သူ့အသံ ကြားတာနဲ့ ချက်ချင်း လှည့်လာကာ သူ့ပါးကို ရိုက်ချလိုက်တဲ့ ပါးကြောင့် ခြူးဟွား ကြောင်သွားရသည်။

" ပါး ဘာ ဘာလို့ ဟွားကို...."

" ဘာလို့ ရိုက်တာလဲ မေးမလို့မလား မင်းဘာလုပ်ရပ် ကိုကျူးလွန်ခဲ့လဲ မင်းကိုယ်မင်းမသိဘူးလား ဟင် ငါမင်းကို အဲ့လိုပျိုးထောင်ခဲ့လား ဟမ်"

သူမကို အမြဲနူးနူးညံ့ညံ့ ဆက်ဆံ တတ်တဲ့ ပါးက ခုတော့ မင်းတွေ ငါတွေနဲ့ ဒေါကြီးမောကြီး ပြောနေလေရဲ့။

" ပါး ဘာတွေပြောနေတာလဲ ဟွားဘာမှမသိဘူး"

"  အဲ့ရွံစရာ ကိစ္စကို ငါ့ပါးစပ်က ထုတ်ပြောရအောင်မလုပ်ပါနဲ့ ဝူခြူးဟွား ငါ့ မွေးနေ့တုန်းက မင်းဘာလုပ်ရပ်တွေ ကျူးလွန်ခဲ့လဲဆိုတာ မင်းကိုယ်မင်းသိမှာ‌ပေါ့"

ပါးစကားကြောင့် သူမ လန့်သွားတာအမှန်ပင်။

" ပါး ပါးကဘယ်လို...မဟုတ်မှ  ရိဖန်ပြောပြတာလား ဟင် ဟုတ်လားပါး"

" ရိဖန်လိုလူလား သူသိနေရင်တောင် အဲ့လိုကိစ္စမျိုးကိုပြောထွက်မှာ    "

" ရိဖန်မဟုတ်ရင် ဘယ် ဘယ်သူ??? မဟုတ်မှ ရှောင်ကျန့် "

" မဆိုင်တဲ့လူတွေကို ပတ်ရမ်းမနေနဲ့ ဝုခြူးဟွားး...
ပါးသားသမီးတွေကို လက်လွတ်စပယ်လွတ်ထားပါ့မလားသမီးတို့က ပါးအတွက် ဘယ်လောက်တောင်အရေးပါလိုက်လဲ မသိဘူးလား ဟမ် ...."

" ပါး ပါးက ဟွားကိုစောင့်ကြည့်နေ..."

"ရှောင်ကျန့်လိုလူက အဲ့လို လက်လွတ်စပယ်ထိလို့ရတဲ့ လူမဟုတ်ဘူး ခြူးဟွားရဲ့"

"...."

" အားလုံးပျက်စီးကုန်ပြီ သမီးရဲ့ ဦးနှောက်မရှိတဲ့ လုပ်ရပ်တခုကြောင့် ခုအားလုံးပျက်စီးကုန်ပြီ ခြူးဟွားရဲ့  ခုသွားကုန်ပြီ ရှောင် groupနဲ့ ဆက်ဆံရေးလဲ သွားပြီ ၆လလောက်ကြိုးစားခဲ့ရတဲ့ projectလဲ သွားပြီ  "

Born To Love You 💞Onde histórias criam vida. Descubra agora