Unicodeဥက္ကဌကြီး၏ တချက်လွှတ် အမိန့်ကြောင့် ဇီယီ ဝမ်သခင်လေး ကို တမြို့လုံးအနှံ့ လိုက်လံရှာဖွေနေရသည်။ သူမ အဲ့လောက်ထိတောင် လိုက်လံ ရှာဖွေနေပါသော်လည်း ဘယ်လိုမှ မတွေ့တာကြောင့် စိတ်ဓါတ်ပင်ကျလာရသည်။
ထိုစဉ် ရုတ်တရက် သူမအတွေးထဲဝင်လာတာက CEO ရှောင် ဆိုသူ နှင့် ဒေါက်တာ ကျိုးချန်ဆိုသူကိုပင်။ ဟုတ်သားဘဲ ဝမ်သခင်လေး ယုံကြည်စွာနဲ့ အားကိုးတဲ့လူက သူတို့အပြင် တခြားမှမရှိတာ။ ဇီယီ စဉ်းစားမိတာနဲ့ တပြိုင်နက် ဟိုနေ့က သူမကို ပေးခဲ့တဲ့ လိပ်စာကဒ်ကို လိပ်စာကဒ်တွေများစွာထဲက အမြန်ပြန်ရှာထုတ်လိုက်ကာ ထိုလိပ်စာကဒ်ပေါ်က ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။" Hello"
တခဏကြာတော့ ဖြေကြားလာတဲ့ တဖက်ဖုန်း။
" Hello ကျမ မုန့်ဇီယီ ပါ ဒေါက်တာ ကျိုးချန် "
"ဘယ် ဘယ်သူ?"
"ဝမ်ဥက္ကဌကြီးရဲ့ အတွင်းရေးမှူး မုန့်ဇီယီပါ ဟိုတနေ့က ဝမ်အိမ်တော်မှာ ...."
" အာာ....ဟုတ်ကဲ့ ကျတော်မှတ်မိပါပြီဗျ ဒါနဲ့ ဘာကိစ္စနဲ့ ကျတော့ကို ...."
" ခနလောက် တွေ့ခွင့်ပေးလို့ရမလားမသိဘူး "
အလျင်လိုနေတဲ့ ဇီယီက တဖက်လူရဲ့ စကားကို ဆုံးအောင်တောင်နားမထောင်တော့ဘဲ ဖြစ်ချင်တာ အမြန်တောင်းဆိုလိုက်မိသည်။
" ဟို ကျတော်က ခု ဂျူတီချိန်မို့"
" ခနပါဘဲ.... ခနဆိုရပြီမို့ so please ကျမတောင်းဆိုပါတယ် "
" ကောင်းပါပြီ အဲ့ဒါဆို xxx Hospitalကိုလာခဲ့လိုက်ပါ ကျတော် အောက်ကဆင်း စောင့်နေပါ့မယ်"
" ဟုတ်ကဲ့ ကျေးဇူးပါ see you"
"See you"
ဇီယီ ဒေါက်တာ ကျိုးချန်ပြောတဲ့ ဆေးရုံကို အမြန်လာခဲ့လိုက်သည်။ ဆေးရုံဝင်းထဲရောက်တော့ အဆောက်အဦးရှေ့မှာ ထွက်စောင့်နေပေးတဲ့ ဒေါက်တာ ကျိုးချန်ကို တွေ့လိုက်တော့ ဇီယီ ကားကို car parkingမှာ အမြန်ဝင်ထားလိုက်ကာ ဆေးရုံ အဆောက်အဦးရှိရာကို အမြန်လှမ်းလာလိုက်သည်။
![](https://img.wattpad.com/cover/283152768-288-k266867.jpg)
ŞİMDİ OKUDUĞUN
Born To Love You 💞
Hayran Kurguနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...