EP- 59

1K 70 4
                                    


Unicode

ရိပေါ် အဝတ်အစားတွေအကုန်လုံးကို laugage ထဲထည့်ပြီးတော့ မွေ့ယာထက်ထိုင်ချလိုက်ကာ သူနှင့် ကိုကို့ရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ အခန်း တခန်းလုံးကို ဝေ့ကြည့်လိုက်ရင်း မှ ဝမ်းနည်းမှုကြောင့် ဝေ့တက်လာတဲ့ မျက်ရည်တွေကို သူဖယ်ရှားလိုက်သည်။

ချောက်~

ထိုစဉ် အခန်းထဲ ဝင်လာတဲ့ကိုကို။ သူစိတ်ထင်၍ဘဲလား ကိုကိုက ဒီနောက်ပိုင်း ပို‌ဖြူဖျော့၍ ပိုအားနည်းနေသယောင်။

" သွားတော့မှာလား "

သူကြည့်နေတာကို သိ၍ထင် သူ့ကိုလှည့်မကြည့်လာပေမဲ့  စကားတော့ စလာတဲ့ကိုကို။

" ဟုတ် ခနနေ ရိဖန် ge လာခေါ်မယ်တဲ့"

ရိဖန်geနဲ့ဆို သဝန်တိုလွန်းတတ်တဲ့သူမို့ ထိုစကားကို ရိပေါ်  ကိုကို့မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်ရင်း တမင်ရည်ရွယ်ကာ ပြောလိုက်တော့ ဘာမှထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိတဲ့ ကိုကို။

" အော် "

အော်တလုံးသာပြောပြီး စားပွဲပေါ်က ဖိုင်ကို ယူကာ ပြန်ထွက်ရန်ပြင်နေတဲ့ ကို‌ကိုကြောင့် ရိပေါ် ထိုင်နေရာက အမြန်ထကာ  ကိုကို့ခါးကို တင်းကြပ်စွာ ပြေးဖက်ထားမိသည်။ သူ ကိုကို့ကို စွန့်လွှတ်လိုက်ဖို့ အခုထိ အဆင်သင့်မဖြစ်သေးဘူး။

" ရိ... ရိပေါ်"

"ခနလေး ခနလေးပါဘဲ ၁၀မိနစ် ဟင့်အင်း မဟုတ်ဘူး ၅မိနစ်ဘဲ...၅မိနစ်လေးဘဲ  ဒီအတိုင်းလေးနေခွင့်ပြုပါ ‌နောက်... နောက်  ဘယ်တော့မှ ထပ်တွေ့ရမယ်ဆိုတာမသေချာတာမို့ မ ... အင့်... မငြင်းပါနဲ့လား"

သူ့စကားအဆုံး သူ့လက်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ ကိုကို့လက်တွေ ငြိမ်ကျသွားခဲ့သည်။

"သား တောင်းပန်ပါတယ်နော်.    ကိုကို့ကို လိမ်ညာခဲ့မိတဲ့အတွက် သားဝောာင်းပန်ပါတယ် သားမရည်ရွယ်ပေမဲ့ ကိုကို့ကို နာကျင်စေခဲ့မိ..."

"ပြီးခဲ့တာတွေကိုပြန်မပြောပါနဲ့တော့လား ရိပေါ်"

သူ့စကားတွေကို ဟန့်တားလာတဲ့ကိုကိုကြောင့် စကားလုံးတွေဟာ သူ့လည်ချောင်းဝမှာတင် ပိတ်ဆို့သွားခဲ့၏။

Born To Love You 💞Место, где живут истории. Откройте их для себя