EP-38

1.2K 105 11
                                    

Unicode

"ရှောင်ကျန့် လျော့သောက်ပါကွာ"

အရက်တွေကို အဆက်မပြတ် မော့နေတဲ့ ရှောင်ကျန့်ကို မကြည့်ရက်တော့တဲ့အဆုံး ဝင်တားလိုက်တဲ့ ဟိုက်ခွမ်း။

ကျိုးချန်ပြောပြလို့ အရာအားလုံးကို သိပြီးပြီဖြစ်တဲ့ သူတို့က ခုချိန် ရှောင်ကျန့် ဘယ်လောက်တုန်လှုပ်ခြောက်ခြားနေလိမ့်မလဲ ဘယ်လောက်နာကျင် ကြောက်ရွံ့နေလိမ့်မလဲဆိုတာ သူတို့သိတာပေါ့။ အဲ့ဒါကြောင့် ခုလိုချိန်မှာ ရှောင်ကျန့်ကို မတားရက်ပေမဲ့ သူစိတ်သက်သာရာရတဲ့အထိ လွှတ်ပေးထားချင်ပေမဲ့   တနေ့လုံး ယွီပင်းbarမှာလာခံနေကာ ဘာမှကျွေးလို့မရဘဲ အရက်ချည်းလှိမ့်ပိတ်သောက်နေတဲ့ ရှောင်ကျန့်ကြောင့် မတားလို့လဲမရတော့။

" အေးလေ ရှောင်ကျန့်ရာ"

" အေးလေ ခုချိန်မှာ မင်းစိတ်ညစ်နေမှာသိပေမဲ့ ဒီလောက်ကြီးဝောာ့ မသောက်နဲ့လေကွာ"

သူပြောတော့ ယွီပင်းနဲ့ ကျိုးချန်ကပါ မျက်နှာ မသာမယာနဲ့ ဝင်ပြောလာလေသည်။






သူတို့စကားကို လျစ်လျူရှုကာ တခွက်ပြီး တခွက်မော့နေတဲ့ ရှောင်ကျန့်။ တသက်နဲ့ တကိုယ် ရှောင်ကျန့်  ခုလောက်ပြိုလဲနေတာ သူတို့တခါမှ မမြင်ဖူးခဲ့ပေ။

"မင်းတို့သိလား ဒါတွေအားလုံးဖြစ်လာရတာ ... ငါ့ ...အင့်... ငါ့ကြောင့် ....အကုန်ငါ့ကြောင့်....  ငါသာ...အင့်... ငါသာ သူ့ကို မနှင်ခဲ့ရင် ကလေးငယ် အခုလို ထိခိုက်နာကျင်ရမှာ မဟုတ်သလို.... အဲ့ဒီ အဖိုးဆိုတာလဲ ပေါ်လာမှာမဟုတ်ဘူး....  ကလေးငယ်နဲ့ အခုလို ခွဲ ...အင့် ....ခွဲရဖို့ဖန်လာမှာ မဟုတ်ဘူး ... အင့် ... အားလုံးက ငါ့ကြောင့် ငါ့အပြစ်တွေချည်းဘဲ"

ယောကျာ်းတန်မဲ့ ရှိုက်ကြီးတငင်နဲ့ ပြောလာတဲ့ ရှောင်ကျန့်ကို ကြည့်ရင်း ကျိုးချန်ကပါ မျက်ရည်တွေဝဲတက်လာရသည်။ အမြဲတမ်း တည်ကြည်ခန့်ငြားနေခဲ့တဲ့ ရှောင်ကျန့် က ခုဆို အပြိုပြိုအလဲလဲ။ ဘဝမှာ မျက်ရည်ဆိုတာ ဘာမှန်းမသိအောင် နေခဲ့ရတဲ့ ရှောင်ကျန့်က ခုတော့ ပါးထက်က မျက်ရည်မြစ်၂စင်းက ခြောက်သွေ့သွားခြင်းမရှိ။

Born To Love You 💞Tempat cerita menjadi hidup. Temukan sekarang