Unicode
ရှောင်ကျန့် အိပ်စက်ရာမှ နိူးထလာတော့ ဘေးကို သာ အရင်ဦးစွာ ကြည့်မိသည်။ သူ့ဖက်လှည့်ကာ နှစ်ခြိုက်စွာအိပ်နေသေးတဲ့ ကလေးငယ်ကြောင့် နှစ်ခြိုက်စွာပြုံးလိုက်မိသည်။ ထို့နောက် သူ တခုခုကို အမှတ်ရသွားသဖြင့် ဘေးစားပွဲက နာရီကို အမြန်လှမ်းကြည့်လိုက်တော့ ၉နာရီတောင်ခွဲနေပြီ။ တခါမှ အိပ်ရာထ မနောက်ကျဖူးတဲ့သူက မနေ့ညက စိတ်အခြေအနေအကောင်းကြီး မဟုတ်သေးတဲ့ ကလေးငယ်က အိမ်မက်ဆိုးမက်မည် ကလေးငယ်က ယောင်ရမ်းကာ ငိုနေမည်ကို စိုး၍ တညလုံးမအိပ်ဘဲ စောင့်နေခဲ့ခြင်းကြောင့် သူခုလိုချိန်မှ နိူးလာရခြင်းပေ။ တကယ်တော့ သူဒီနေ့ companyပြန်သွားရန်စဉ်းစားထားပေမဲ့ နောက်လဲကျနေပြီမို့ မထူးတဲ့ အဆုံး ဒီနေ့တော့ ကလေးငယ်နားဘဲ နေပေးရန်ဆုံးဖြတ်လိုက်သည်။
ရှောင်ကျန့် ခေါင်းကို လက်ဖြင့်ထောက်ကာ ဘေးကအိပ်စက်နေတဲ့ ကလေးငယ်ရဲ့ မျက်နှာလေးကို ငေးကြည့်နေတုန်း လှုပ်ယွလာကာ ပွင့်ဟလာတဲ့ သူမြတ်နိုးရတဲ့ မျက်ဝန်းလှလှလေးတစုံ။
" Morning ကလေးလေး"
" Morning ကိုကို"
" နိူးပြီဆိုထ မျက်နှာသစ်ရအောင် ပြိးတော့ မနက်စာသွားစားကြမယ် "
"ဟုတ်ကိုကို"
သူ့စကားအဆုံး ထရန်ပြင်နေတဲ့ကလေးငယ် တကယ်ကို သူ့စကားအတိုင်း ဒီတိုင်းထရန်ပြင်နေသည်မို့~
"ကိုကို့ဆီ ခနလေးလာပါအုံးကွာ ချစ်စရာကလေးလေးကို ခနလေးဖက်ထားချင်လို့"
ရှောင်ကျန့် ခေါင်းကိုထောက်ကာဘေးတစောင်းလေးလှဲနေရာမှ ပြန်လှဲချလိုက်ကာ သူ့လက်၂ဖက်ကိုဆန့်တန်းရင်း ရင်ခွင်ကျယ်ကို ဖွင့်ကာ ခေါ်လိုက်တော့ ထမလိုပြင်နေတဲ့ ကလေးငယ်က သူ့ရင်ခွင်ထဲ ပြန်တိုးဝင်လာလေသည်။
ရှောင်ကျန့် သူ့ရင်ခွင်တိုးဝင်လာတဲ့ အနွေးလုံးလေးကို ထွေးပွေ့ထားလိုက်ရင်း~
"ဒီနေ့ကိုကိုတို့ လျောက်လည်ကြမလား ဟင် ?? ကလေးလေး"
" ဟင့်အင်း သား အိမ်မှာဘဲ မားတို့နဲ့ နေချင်တယ် လျောက်လည်ချင်ဘူး"
ESTÁS LEYENDO
Born To Love You 💞
Fanficနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...