EP- 17

1.4K 112 13
                                    


Unicode

ခုဆို  ကလေးလေး ဆီက စကားသံမကြားရတာ ၃ပတ်တောင်ကျော် နေပြီ ။  ကလေးငယ် စိတ်ပျော်ရွှင်လာစေရန်  စကားပြန်ပြောလာစေ ရန် အမျိုးမျိုး သူတို့အားလုံး ဝိုင်းကြိုးစားကြသော်လည်း  သူတို့ရဲ့ ကြိုးစားမှုက ၂ပတ်လောက်အထိက လုံး၀အရာမရောက်။ 

သို့ပေမဲ့ ဇွဲမလျော့ကြဘဲ အမြဲ အခန်းတွင်းအောင်းနေတတ်တဲ့ ကလေးငယ်ကို ရှောင်ကျန့် အပြင် ပါးမားတို့ကပါ ကြိုးစားကာ အပြင်ကို ရရင်ရသလိုခေါ်ထုတ်ကာ အခန်းမအောင်းနေစေရန် ကြိုးပမ်းသလို ကျိုးချန် ယွီပင်း နဲ့ ဟိုက်ခွမ်း တို့ကလဲ  ကလေးငယ်ကြိုက်တတ်တဲ့ အစားအစာတွေ အရုပ်တွေ သယ်ကာ အိမ်ကိုအမြဲရောက်လာတတ်ပြီး ကလေးငယ် ပျော်ရွှင်လာစေရန် ကလေးငယ် နာကျင်မှုက ရုန်းထွက်လာစေရန် ဝိုင်း၀န်း ကြိုးပမ်းနေပေးကြသည်မို့  သူတို့အားလုံးရဲ့ကြိုးပမ်းမှုက အရာထင်လာတယ်ဘဲပြောရမလား ဒီနောက်ပိုင်း ကလေးငယ်က အခန်းအောင်းမနေတော့ပေ။

တခါတလေဆို  ကလေးငယ်က ခြံထဲမှာ ပါးနဲ့ ထိုင်နေတတ်သေး သည်။ တော်ရုံဆို အခန်းအပြင်မထွက်တတ်တဲ့  ပါးကလဲ ဒီကလေးနဲ့မှ ခြံထဲဆင်းဖြစ်တော့တာမို့ ရှောင်ကျန့် နဲ့ မား လဲ စိတ်ချမ်းသာရသည်။ ကလေးငယ်က လဲ  သိသိသာသာကို ပါးနဲ့မားကို ပိုပိုခက်တွယ်လာသည် သူတောင်ပါးနဲ့မားတို့ကို မနာလိုဖြစ်မိသည်။

ဒါပေမဲ့တခုဘဲ ကလေးငယ်က ခုထိ စကားပြန်မပြော‌သေးသည့်အပြင် ကလေးငယ်ရဲ့ မျက်နှာနုနုလေးပေါ်မှာ အရင်လို အပြုံးလှလှလေးတွေပြန်မဖြစ်တည်လာသေး ။ ဒါပေမဲ့ ကလေးငယ်က သူ့တို့ကို မကြာကြီးမပစ်ထားဘူးလို့ယုံတဲ့အတွက် သူဇွဲမလျော့ပါဘူး။

ခုလဲ ခြံထဲကဉယျာဉ်လေးထဲမှာ ပါးနဲ့အတူထိုင်ကာ ပါး စာဖတ်ပြနေတာကို ဘေးကနေ ထိုင်နားထောင်နေတဲ့ ကလေးငယ်။
ထိုမြင်ကွင်းကို သူနဲ့ မားအတူရပ်ကြည့်နေရင်း~

"သားပါးကို ကြည့်ပါအုံး ရိပေါ်လေးရောက်လာပြီးတဲ့နောက်ပိုင်း ‌ရွှင်လန်းနေလိုက်တာများ အရင်က ရှောင်သခင်ကြီးကို ပြန်တွေ့နေရသလိုဘဲ"

"ဟုတ်ပါရဲ့ မားရယ် ပါးခုလို ရွှင်ရွှင်လန်းလန်းပြန်ဖြစ်လာတာ သားလဲ ၀မ်းသာတယ်"

Born To Love You 💞Tempat cerita menjadi hidup. Temukan sekarang