EP- 60

1.1K 74 15
                                    

Unicode



ဆေးရုံရဲ့ vvipခန်းလေးထဲမှာဝောာ့  ကုတင်ထက်က လဲလျောင်းနေတဲ့ လူနာကို စိုးရိမ်စွာငေးကြည့်နေကြတဲ့ လူတွေနဲ့အတူ ဆရာဝန်ကြီး ငယ်တွေ ကပါ စုစည်းနေကြသည်။

"လီချင်ကျဲကျဲ ကိုကိုက ဘာ ဘာဖြစ်တာလဲဟင်"

" ရှောင်ကျန့် ရဲ့ရောဂါက လက္ခဏာပြလာတာပါ"

"ဗျာ " "ရှင်"

"ဘာ ဘာရောဂါလဲ သားက ဘာရောဂါကို ခံစားနေရလို့ အခုလို ..."

" ရှောင်ကျန့်က သူခံစားနေရဝာာတွေကို မိသားစုတွေကို အသိမပေးဘဲ တယောက်တည်းကြိတ်ခံစားနေခဲ့တာ နာကျင်မှုတွေ..."

လိချင် ထိုစကားကို ရိပေါ်လေးကို ကြည့်၍ဆက်လိုက်သည်။

" မုန်းသီးမှုတွေ အားလုံးကို သူတယောက်တည်း ခါးစည်းခံပြီး တယာက်တည်းတိတ်တဆိတ်ထွက်သွားဖို့ လုပ်နေခဲ့တာ"

"ဗျာ ကျဲ ဘာ ဘာကိုဆိုလို"

"ရှောင်ကျန့်က Leukemia ဆိုတဲ့ ရောဂါဆိုးကြီးကို ခံစားနေရတာ... အဲ့တာကလဲ အဆိုးဆုံးအခြေအနေကိုရောက်မှ သိရတာမျိုး...  အရင်တခါနောက်ဆုံးဆေးစစ်ချက်ကတည်းက ကင်ဆာဆဲလ်တွေက  အတော်ကိုပျံ့နှံ့နေပြီမလို့ သူ့ကို ကုသမှုအမြန်ဆုံးခံယူဖို့ တိုက်တွန်းခဲ့ပေမဲ့ အဲ့လူဆိုးက အသက်ဆက်ရှင်ဖို့ အခွင့်အရေးက ရာခိုင်နူန်း နည်းလွန်းတာကြောင့်  သူ့ရဲ့ လက်ကျန်အချိန်လေးကို ဆေးရုံပေါ်မှာဘဲ အချိန်မကုန်ဆုံး‌စေဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေ လုပ်ဖို့ရှိတယ်တဲ့လေ ... အဲ့လူဆိုးကလေ သူ့အတွက်  ကုသမှုထက် အရေးကြီးတာက သူ့ကလေးကို မထိခိုက်အောင် ကာကွယ်ပေးဖို့တဲ့ လေ"

"အင့် .."

"...."

" ကို ...အင့် .. ကိုကို့ကို ဘယ်လို လုပ်ရင် ကယ်နိုင်မှာလဲ ဟင် လီချင် ကျဲ ...အင့် ကို ..ကိုကို့ကို ကယ်ဖို့ သား ဘာလုပ်ပေးရမလဲ ဟင်"

"သားကျန့်ကို ကုသဖို့ နည်းလမ်းမရှိတေ့ဘူးလား ဟင် သမီးချင်"

"သူ့ရဲ့ ဒီလို အခြေအနေမျိုးကအရမ်းအန္တရာယ်များနေပြီ အခုဆို သူ့မှာ မျှော်လင့်ချက်တခုဘဲရှိတော့တယ် အဲ့ဒါက သူနဲ့ ကိုက်ညီတဲ့ ရိုးတွင်းခြင်ဆီကို ရှာပြီးအစားထိုးဖို့..."

Born To Love You 💞Donde viven las historias. Descúbrelo ahora