Unicode
မနေ့က တညလုံးလဲ အဖျားတွေတက်ပြီး ယောင်ရမ်းနေကာ အသိနဲ့ ကိုယ် မကပ် ခုထိလဲ လုံးလုံး မကျသေးတဲ့ ကလေးငယ် ကို စောင့်ကြည့်နေခဲ့ရတဲ့ ရှောင်ကျန့် က မနက်ရောက်ခါနီးမှ မှေးကနဲ အိပ်ပျော်သွားခဲ့သည်။
ရှောင်ကျန့် ကုတင်ပေါ် ခေါင်းတင်ရင်း အိပ်ပျော်နေရာမှ ဆတ်ခနဲ လန့်နိူးလာခဲ့သည်။ သူပြတင်းပေါက် အပြင်ကို ကြည့်လိုက်တော့ မိုးတောင်စင်စင်လင်းနေပြီ။သူ အကြောဆန့်လိုက်၍ ထရပ်လိုက်ကာ ကလေးငယ်ဘေးနား၀င်ထိုင်လိုက်ရင်း နဖူးလေးကိုစမ်းလိုက်တော့ မနေ့ညကလောက်မဆိုးတော့ပေမဲ့ ကိုယ်ကအနည်းပူနေစဲဘဲ မို့ သူရေ၀တ်လေးကပ်ပေးရန်ပြင်လိုက်သည်။
ကလေးငယ် အပူကျစေရန် နဖူးပေါ် ရေ၀တ်လေးတင်ပေးနေစဉ် သူ့အနားရောက်လာတဲ့မား~
"သား ဘယ်လိုလဲ ရိပေါ်လေး သက်သာလား"
" တညလုံး အဖျားတွေတက်ပြီး ငြီးငြူနေခဲ့တာ ခုတော့ အပူတော့နဲနဲကျသွားပြီမား ဒါပေမဲ့ သတိလုံးလုံးပြန်လည်တာမျိုးတော့မဟုတ်သေးဘူး "
"ဟင်းးးး ဒီနေ့တော့ အစာလေး၀င်မှဖြစ်မှာ"
ရှောင်ကျန့် ကလေးငယ်ရဲ့ အားနည်းလို့ ဖြူဖျော့နေတဲ့ မျက်နှာလေးကို ငေးကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"ဟူးးးး"
"သား ဒီနေ့companyသွားမှာလား"
" မသွားဘူး မား"
" အင်း အင်း ...အော်ဒါနဲ့ ဒီညနေမလား ဝူဥက္ကဌမွေးနေ့party က"
"ဟုတ် ဒါပေမဲ့ ကျတော် မသွားချင်ဘူးမား ကလေးလေးက ခုထိ အသိနဲ့ ကိုယ် ပြန်မကပ်သေးတာ ကျတော်သွားလဲ သွားလဲ စိတ်ဖြောင့်မှာမဟုတ်ဘူး"
" ဒါပေမဲ့ တဖက်လူကို သားက လာခဲ့ပါမယ်လို့ စကားကျွံပြီးသွားပြီလေ စီးပွားရေးလောကမှာ စကားတခွန်းက ဘယ်လောက်တောင်အရေးပါလဲ သားလဲသိသားနဲ့ ဒီလိုလုပ် အကြာကြီးမနေချင်တောင် မျက်နှာပြရုံလေးသွားလိုက် ပြီးတာနဲ့ အကျိုးအကြောင်းပြောပြီး တန်းပြန်ခဲ့လေ ဟုတ်ပြီလား "
"ဒါပေမဲ့ ကလေး"
"ရိပေါ်လေးကို စိတ်ချပါကွယ် မားတို့လဲရှိနေတာဘဲ နော် "
![](https://img.wattpad.com/cover/283152768-288-k266867.jpg)
ВЫ ЧИТАЕТЕ
Born To Love You 💞
Фанфикနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...