EP- 23

1.4K 109 11
                                    


Unicode

ရှောင်ကျန့် ရေချိုးခန်းထဲမှာ ဆေးအစွမ်းကြောင့် ဖြစ်တည်လာတဲ့ သူ့ရမက်မီးကို ကြိုးစား ငြိမ်းရန် ရေခဲနဲ့ ရေအေး အပြည့်ဖြည့်ထားတဲ့ bath tub ထဲ ၀င်စိမ်နေလိုက်တော့ အတော်ပင် သက်သာလာတဲ့ သူ့ဝေဒနာ။

'ဒေါက် ဒေါက် ဒေါက်'

'ဒေါက် ဒေါက် ဒေါက်'

သူ့ ဝေဒနာကို ကြိုးစား ငြိမ်းသတ် နေစဉ်ထွက်ပေါ်လာတဲ့ တံခါးခေါက်သံ~

"ကိုကို ကိုကို "

တံခါးခေါက်သံနောက် နောက်ထွက်ပေါ်လာတဲ့ အသံလေးက သိမ်ငယ်စွာ။

" ကိုကိုက သားကို စိတ် အင့် စိတ်ဆိုးနေ တာလားဟင်"

ကလေးငယ်ရဲ့ ငိုမဲ့မဲ့ သံလေးကြားတော့ သူစိတ်မကောင်း။ ‌ဆေးအာနိသင်က လုံးလုံးပြယ်သေးတာ မဟုတ်သည့်အတွက်ကြောင့် သူစကားပြန်ပြောရန်ပြင်လိုက်ပေမဲ့  စကားလုံးတွေအစား ငြီးငြူသံထွက်ကျလာမှာ စိုးတာကြောင့် သူတိတ်ဆိတ်၍သာနေမိသည်။

"သားက ကို အင့်  ကိုကို့ကို လိမ်တယ်လို့ မ အင့် မပြောတော့ပါဘူး မားမားနောက်လိုက်သွားမယ်လို့လဲ မပြောတော့ပါဘူး  အင့် သားက နောက်မဆိုးတော့ပါဘူး ဟင့် "

"...."

" နောက် အင့် နောက်ဆိုရင်လေ ကိုကို အာဘွားပေးရင်လဲ  သား ခံပါ့မယ် မတွန်းထုတ်တော့ပါဘူး ကိုကို့ကို မရိုက်တော့ပါဘူး အ့ကြောင့်မို့ ကိုကို စိတ်မဆိုးပါနဲ့တော့နော် "

ကြည့်ရတာ သူ့အပြုအမှုတချို့ ကြောင့် သူစိတ်ဆိုးနေတယ် လို့ ဒီကလေးက အထင်လွှဲနေပုံပင်။ သူစိတ်မဆိုးပါဘူး ကားပေါ်မှာ ကလေးရဲ့ အကိုင်မခံတာဟာလဲ သူ့ကိုယ်သူ အတင်းထိန်းချုပ်နေရချိန်မှာ ကလေးငယ်ရဲ့ အထိအတွေ့ကြောင့် သူထပ်မံ စိတ်လွတ်သွားမှာစိုးတာကြောင့်ပါ။ ကလေးကိုမစောင့်ဘဲ အရင်လာခဲ့ရတာကလဲ ဆိုးရွားလာတဲ့ သူ့ ဝေဒနာကို ငြိမ်းသတ်ရန် အလျင်လို နေတာကြောင့်ပါ။ ဒါကို ကလေးငယ်က တလွဲ တွေးကာ အားငယ် ၀မ်းနည်းနေလေရဲ့။

ရှောင်ကျန့်အပြင်က အသံလေးကို နားစွင့်နေမိသော်လည်း သက်သာစပြုနေတဲ့ သူ့ဝေဒနာကို အရင် လုံးလုံးပျောက်အောင်လုပ်နေရသည်။  ဆေးအာနိသင် မပြယ်ဘဲ သူထွက်သွားခဲ့ရင် သူကလေးငယ်ကို တခုခု လုပ်မိမှာ အမှန်ပင်။

Born To Love You 💞Donde viven las historias. Descúbrelo ahora