EP- 36

1.1K 96 16
                                    

Unicode

တညလုံး ရှောင်ကျန့် ဘယ်လိုရှာရှာမတွေ့တဲ့ ကလေးကြောင့် စိတ်ဓါတ်တွေ ကျလာကာ လမ်းဘေးကားထိုးရပ်ကာ စိတ်ပျက်လက်ပျက်နဲ့ ကားစတီယာတိုင်ပေါ် ခေါင်းမှောက်ချကာနေမိစဉ်~

တီ တီ တီ~

အော်မြည်လာတဲ့ ဖုန်းကြောင့် ခေါင်းအမြန်ပြန်ထောင်လာကာ ကလေးလေးဆီကများလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အမြန်ထုတ်ကြည့်လိုက်တော့ ~

'ကျိုးချန်'

မြင်လိုက်ရတဲ့ contact nameကြောင့် မျှော်လင့်ချက် တွေက ပျက်သုန်းသွားရပြန်သည်။

" အင်း ကျိုးချန် ပြော"

"....."

" ဘာ "

"...."

"လိပ်စာ ပြော ငါ ငါချက်ချင်းလိုက်လာခဲ့မယ်"

ကျိုးချန်နဲ့ ဖုန်းပြောပြီးတာနဲ့ ဖုန်းကိုဘေးက lover seat ပေါ်ပစ်တင်လိုက်ကာ ကားစက်ကို အမြန်နိူးကာ ဝမ်အိမ်တော်ဆီကို ဦးတည်လိုက်သည်။

    ****

ရှောင်ကျန့် ကျိုးချန်ပြောတဲ့ လိပ်စာဆီကို အမြန်လိုက်သွားသည်။ သူ့ကားခြံရှေ့ရောက်တာနဲ့ အော်တိုပွင့်လာတဲ့ ဂိတ်တံခါး ကြောင့် အလိုက်သင့်ခြံထဲ မောင်းဝင်သွားလိုက်သည်။
သူအိမ်ကြီးရဲ့ ဆင်ဝင်အောက်ထိုးရပ်လိုက်တာနဲ့  အိမ်တံခါးဝ ရှေ့ထွက်စောင့်ပေးနေတဲ့ မိန်းကလေးတယောက်ကို တွေ့ရသည်။

" ကြွပါ CEO ရှောင်"

ရှောင်ကျန့်လဲ ဘာမှ မမေးတော့ဘဲ ထိုမိန်းကလေးခေါ်ရာနောက်ကိုသာ လိုက်သွားလိုက်သည်။

အခန်းတခန်းရှေ့အရောက်  သူမက သူ့ကို အခန်းတံခါးဖွင့်ပေးကာ ~

"အထဲမှာ သခင်လေးရှိပါတယ်"

ရှောင်ကျန့် အခန်းထဲ လှမ်းကြည့်လိုက်တော့ သူ့ အခန်းထက်၃ဆ ကျယ်ဝန်းတဲ့အခန်းကျယ်ကြီး။  သူ မျက်စိအနည်းငယ် ထပ်ကစားကြည့်လိုက်တော့ ထိုအခန်းကျယ်ကြီးထဲမှာရှိနေတဲ့ မွေ့ယာထက် လဲလျောင်းအိပ်စက်နေတဲ့ သူ့ကလေးငယ်။

ရှောင်ကျန့် သူ့ ကလေးငယ်လေးကိုတွေ့တာနဲ့ ကလေးငယ်ဘေးရောက်အောင် ခြေလှမ်းကျဲတွေနဲ့ အမြန်သွား လိုက်တော့ သူရှင်းရှင်းလင်းလင်းတွေ့လိုက်ရတာက ကုတင်ထက်မှာ လဲလျောင်း အိပ်စက်နေတဲ့ ကလေးငယ်က  ခေါင်းမှာလဲ ပတ်တီးနဲ့  မျက်နှာမှာလဲအညိုအမဲတွေ အပြည့်နဲ့ ဖူးယောင်နေလေရဲ့ ။

Born To Love You 💞Tempat cerita menjadi hidup. Temukan sekarang