Unicode
တင်းတောင်~~
တင်းတောင်~~
ဧည့်ခန်းထဲ ပါးစာဖတ်နေတာကို ထိုင်အဖော်ပြုရင်း ပန်းအလှဆင်နေတဲ့ ရှောင်ဖန်းက အော်မြည်လာတဲ့ လူခေါ်bell သံကြောင့် ထကာ မည်သူလာကြောင်း သိစေရန် အိမ်တံခါးမကြီး ဝနားတပ်ဆင်ထားသည့် screen ရှိရာကို လှမ်းလာလိုက်စဉ်~
"နေ နေ ငါ ဖွင့်လိုက်မယ် လုပ်စရာရှိတာဆက်လုပ်"
တံခါးဖွင့်ရန် မီးဖိုထဲမှနေ ပြေးထွက်လာသည့် ဖေးအာကို ရှောင်ဖန်း တားလိုက်သည်။
"ဟင် ..."
screenသေးသေးလေးထက်မှာ တွေ့လိုက်ရတဲ့ မျက်နှာလေးကြောင့် ရှောင်ဖန်း အံ့ဩသွားရကာ တှုပ်တှုပ်မလှုပ်ဘဲ နေရာမှာတင်ကျောက်ရုပ်တရုပ်လို ရပ်နေမိသည်။
"ဘယ်သူလဲ ဖန်းအာ "
ဧည့်ခန်းကနေ သူ့ကိုလှမ်းချောင်းကာ မေးနေတဲ့ပါးကို ရှောင်ဖန်း သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။
တခုခုဖြစ်ခဲ့သလိုမျိုး ရှောင်ဖန်းရဲ့ သတိလက်လွတ် ဖြစ်နေပြီးမျက်ရည်လည်ရွှဲ မျက်နှာကိုတွေ့တာနဲ့ ရှောင်သခင်ကြီး စိုးရိမ်တကြီးနဲ့ လက်ထဲက သတင်းစာကို စားပွဲပေါ်အမြန်ချကာ ရှောင်ဖန်းဆီ ကို ဝှီးချဲဘီး အမြန်လှိမ့်ကာ သွားလိုက်သည်။
"ဘာဖြစ်တာလဲ ဖန်းအာ ဘယ်သူမို့လ...ဟင် သားငယ်လေး"
ရှောင်သခင်ကြီး ရှောင်ဖန်းလက်ကို ဆွဲကာမေးလိုက်ရင်း screenထက်ကြည့်မိတော့ တွေ့လိုက်ရတဲ့ မျက်နှာလေးကြောင့် သူပါအံ့ဩသွားရသလို ဝမ်းသာသွားရသည်။
" အင့် သား... သားငယ်လေးပြန်လာပြီပါး "
ထိုစဉ်မှ အသိပြန်ဝင်လာကာ စကားဆက်လာခဲ့တဲ့ရှောင်ဖန်း ~
" ဖွင့်ဖွင့် အမြန်ဖွင့်လိုက်လေ"
" အင်း အင်း ဟုတ် ... ပါရဲ့ သားငယ်လေးစောင့်နေရတော့မှာဘဲ "
ပါးသတိပေးမှ ရှောင်ဖန်းသတိရကာ ပျာပျာသလဲနဲ့ ခြံတံခါးဖွင့်တဲ့ ခလုတ်ကို အမြန်နှိပ်လိုက်ကာ ပါးရဲ့ ဝှီးချဲကို တွန်းကာ အိမ်အပြင်ဖက်ကို အမြန်ထွက်ကာ ဆင်ဝင်အောက်ကနေ သားငယ်လေးကာ ဝင်အလာကို စောင့်နေ လိုက်သည်။
VOUS LISEZ
Born To Love You 💞
Fanfictionနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...