Unicodeအခန်း ၆ - ဗယ်လင်နော၏ ကံကြမ္မာဆိုး
စုဖေးသည် တောင့်ခဲသွားပြီး စကားမပြောနိုင်သလို လှုပ်လည်းမလှုပ်နိုင်ဘူး။
သူက ထိုင်နေပြီး လှပသော နတ်သူငယ်များကို သူတို့၏ အလုပ်ကို လုပ်ခွင့်ပေးလိုက်ရ၏။
အခမ်းအနား၀တ်စုံသည် တကယ့်ကို ကြော့ရှင်းတင့်တယ်၏။ ဝတ်စုံတွင် အလွှာပေါင်းများစွာရှိသောကြောင့် တစ်ယောက်တည်း ကိုင်တွယ်လို့ မရနိုင်ဘူး။ဒါကြောင့် စုဖေး၏ ဘေးပတ်လည်တွင် လှပသော အမျိုးသမီးများစွာ ဝန်းရံနေသည်။
အ၀တ်မဲ့ကိုယ်ခန္ဓာကို တွေ့ခွင့်ရမဲ့ ရွှေရောင်အခွင့်အရေးကို သူ မတုန်လှုပ်ခဲ့ချေ။
သို့သော် သူ့နှလုံးသားထဲတွင် မျက်ရည်များ ပြည်လျှံနေ၏။ ဒီလိုခံစားချက်မျိုးကို ရိုးရိုးရှင်းရှင်း ဖော်ပြရရင် မကြာမီလာတော့မည့် သေခြင်းတရားကို ထိုင်စောင့်နေရသလိုပဲ။
ဒါက သူ့ကိုယ်သူ ငရဲတွင်းထဲသို့ ခြေလှမ်းတစ်လှမ်းချင်း တစ်လှမ်းချင်း တိုးသွားတာကို ထိုင်ကြည့်နေရသော ခံစားချက်မျိုးဖြစ်သည်။
ပြီးတော့ သူ့ဘေးပတ်လည်က လူများက စိတ်ကသိကအောက်ဖြစ်စရာ မှတ်ချက်များကို ပြောဆိုနေတုန်းပဲ။
“ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က ကြယ်စင်ဘုရားကျောင်းမှာ တော်ဝင်မင်းသား မန်စီရဲ့ အရွယ်ရောက်ခြင်း အခမ်းအနား ကျင်းပခဲ့တာကလွဲရင် ဘယ်သူမှ အခွင့်အရေးမရှိခဲ့ကြဘူး ”
“ ဒီလိုပြောရင် ငါတို့ရဲ့ငယ်ရွယ်တဲ့ သခင်လေးက အီဗန်မိသားစုရဲ့အနာဂတ်ဆက်ခံသူလေ။ ထုံးစံအတိုင်း သူ့ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို ကြယ်စင်ဘုရားကျောင်းမှာ ကျင်းပလိမ့်မယ် ”
“ ဒါ့အပြင် သခင်လေးရဲ့ဝတ်ရုံကို ခြုံပေးမဲ့သူက အရှင်မင်းသားမန်စီလေ ”
“ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ မိသားစုအကြီးအကဲက သူ့ကို သရဖူဆောင်းပေးလိမ့်မယ်။ သူနဲ့ လည်ပင်းဖက်ကြီးလာတဲ့ သူငယ်ချင်းက ဝတ်ရုံ ခြုံပေးလိမ့်မယ်။ အဲဒါက နတ်သူငယ်ဘုရင်ကြီးက အီဗန်မိသားစုအပေါ် ဘယ်လောက်အလေးထားတယ်ဆိုတာ ပြသတာပဲ ”