Unicode
အခန်း ၅၂ - တဏှာ၏အပြစ်ကြွေး၊ မီးတောက်ဖြင့် အပြစ်ပေး
'ကြည့်ချင်ရုံပါပဲ'က ဘာကိုဆိုလိုတာလဲကွ!
'ကြည့်ချင်ရုံ'ဆိုတော့ မင်းက တခြားဘာလုပ်ချင်သေးလို့လဲ?
စုဖေးက အကျယ်ကြီး မမေးရဲဘူး။ ပြီးတော့ ဆမ်မြူရယ်ကို ပစ်ထားခဲ့ပြီး သူ တစ်ယောက်တည်း ထွက်မသွားနိုင်ဘူး။ ဆမ်မြူရယ်က မသွားချင်သေးဘူးဆိုမှတော့ သူက သစ်သားတုံးလို မတ်တတ်ရပ်နေရုံပဲပေါ့။
ထို့နောက် သူ၏စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေရန် လိမ္မာပါးနပ်သောလှည့်ကွက်ကို အသုံးပြုလိုက်သည်။ သူက ဆမ်မြူရယ်၏ခန္ဓာကိုယ်ကို တစ်ချက်မျှ မကြည့်ဘဲ သူ့ပုံရိပ်ယောင်ကိုသာ စိုက်ကြည့်လိုက်သည်။
လောင်ဇီရဲ့ အသားအရည်က ဘာလို့ ဒီလောက်တောင် ဖြူဖျော့နေရတာလဲ? လောင်ဇီရဲ့ခါးက ဘာလို့ ဒီလောက်ပိန်နေရတာလဲ? လောင်ဇီက ဘာလို့ ဒီလောက်အရှက်မဲ့နေရတာလဲ? လောင်ဇီမှာ ဘယ်မှာ ဒီလိုအာပြဲတဲ့အသံမျိုး ရှိလို့လဲ? ဒီသောက်ကျိုးနည်း ညည်းသံတွေကြောင့် မျက်နှာကျက်ကြီးတောင် ပြိုကျတော့မယ်! ပုံရိပ်ယောင်စုဖေး... မင်းက အရည်အသွေးညံ့လွန်းတယ်!
လောင်ဇီက gongတစ်ယောက်ဆိုတာ သိသာနေတာကို! မင်းက ဘာလို့ အတင်းအကြပ် နေရာချိန်းလိုက်တာလဲ? အော်ညည်းတာနဲ့ ငိုကြွေးတာကလွဲရင် မင်း ဘာမှမလုပ်တတ်တော့ဘူးလား! အားနည်းတယ်! အရမ်းအားနည်းတယ်! 【-_-#】
သူ ပိုကြည့်လေလေ ပုံရိပ်ယောင်စုဖေးက အရမ်းမိန်းမဆန်ပြီး shouနဲ့တူလွန်းနေတယ်လို့ သူ ခံစားရလေလေပါပဲ။ ဒါက သူရဲ့တကယ့်အနေအထားနဲ့ လုံးဝမတူပါဘူးနော်။
သူက ဒီလိုပုံစံမျိုးပဲဆိုပြီး ဆမ်မြူရယ်က တကယ်ကြီး ယုံကြည်သွားရင် သူ ဘယ်လိုလုပ်ရပါ့မလဲ? ရှင်းပြရတာ ရှက်စရာကောင်းလွန်းတယ်လေ။
ထို့ကြောင့် သူသည် ဆမ်မြူရယ်ကို ဆွဲပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“ငါက အဲဒီလိုမျိုးမဟုတ်ဘူး ”
“ဟမ်?”