chapter ~>30.2{မင်းရဲ့အရေးအကြီးဆုံးလူကို မင်းကိုယ်တိုင် သတ်နိုင်မှာ မဟုတ်ဘူး}

3.3K 717 2
                                    

Unicode

အခန်း 30.2 - မင်းရဲ့အရေးအကြီးဆုံးလူကို မင်းကိုယ်တိုင် ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး!

စုဖေးသည် ဂိမ်းကစားချိန်တွင် ယူဂျင်း ဟောလ်နှင့် ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ပြောစရာမလိုပါဘူး။ ကစားသမားများသည် သူတို့ သိမ်းထားသော ဂိမ်းဖိုင်များကို ပြန်လည်ထည့်သွင်းနိုင်သောကြောင့် ယူဂျင်း အဆိုပြုထားသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်တိုင် သဘာဝကျကျပင် သူ့အတွက် များစွာအခက်မတွေ့ခဲ့ပေ။ ထိုအချိန်တွင် စုဖေးသည် လေနတ်မျိုးနွယ်စု၏ shouလေးကို ဖမ်းမိခါစဖြစ်ပြီး လေနတ်သားလေးသည် သူနှင့်အတူရှိနေသည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။ ထို့ကြောင့် စုဖေးက ဂိမ်းဖိုင်ကို သိမ်းလိုက်ပြီး ယူဂျင်းရှေ့တွင် လေနတ်မျိုးနွယ်၏ shouလေးကို ရက်ရက်စက်စက် သတ်ပြခဲ့သည်။

ယူဂျင်းက ထိုအခြေအနေကို ကျေနပ်သွားသည်နှင့်တစ်ပြိုင်နက် စုဖေးက ထိပ်တန်းအဆင့် ပစ္စည်းတစ်ခုခု ရရှိနိုင်လိမ့်မည်လို့ အစက ထင်ခဲ့သည်။

သို့သော် ဆွေးမြေ့နေတဲ့ လူအိုကြီးက ဝမ်းနည်းပူဆွေးစွာ ပြောလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ!

" မင်းရဲ့လက်နဲ့ ကိုယ်တိုင် သတ်နိုင်တဲ့လူက မင်းအတွက် အရေးအပါဆုံးလူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက မင်းရဲ့အရေးအကြီးဆုံးလူကို မင်းကိုယ်တိုင် ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး... ဘယ်တော့မှ... "

သို့နှင့်...သူ့shouလေး အလဟဿ သေသွားတာပဲ အဖက်တင်ခဲ့တယ်!

ဒါကြောင့် ဒီလိုအခြေအနေက အဓိပ္ပာယ်မရှိတဲ့ အယူအဆအမှားတွေနဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေဖြင့် ပြည့်နှက်နေတယ်! ရှင်းရှင်းပြောရရင် ဒါဟာ ကစားသမားတွေကို လှည့်စားထားတာပဲ!

အကြောင်းပြချက်မရှိဘဲ ၎င်းက ဒီဆွေးမြေ့နေသော လူအိုကြီး၏ အနောက်ရှိ တောက်ပနေသော ထိပ်တန်းအဆင့် ပစ္စည်းကိရိယာများကို ပါးစပ်အဟောင်းသားဖြင့် ငမ်းခွင့်ပေးလိမ့်မည်။ သို့သော် လက်တွေ့တွင် မင်း တစ်ခုတစ်လေတောင် ဘယ်တော့မှရမှာမဟုတ်ဘူး!

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းWhere stories live. Discover now