~~အချပ်ပို~~သူ သတိလစ်သွားပြီးနောက် ဆမ်မြူရယ်က အဲဒီလူတွေကို ဘယ်လိုဖြေရှင်းခဲ့လဲ၊ ဘာဆက်ဖြစ်ခဲ့လဲဆိုတာ စုဖေး အမြဲတွေးနေမိသည်။
သူ အရင်တစ်ခေါက်က အမှားလုပ်ခဲ့မိသည့်အတွက် ဆမ်မြူရယ်က ၎င်းကို ထုတ်မပြောသော်လည်း ဆမ်မြူရယ်၏အချို့အပြုအမူမှတဆင့် သူ စိတ်ဆိုးနေသေးကြောင်း စုဖေး အတပ်ပြောနိုင်လေသည်။
စုဖေးသည် လူတွေကို အကဲခတ်ရာတွင် တော်သည်။ သူ့ကိုယ်သူ ဆမ်မြူရယ်နေရာတွင် ဝင်ခံစားကြည့်လိုက်သည်။ တစ်နေ့မှာ ဆမ်မြူရယ်က သူ့ကို ထိန်းချုပ်ပြီး ဆမ်မြူရယ်ကို သတ်ခိုင်းရင် သူ သေချာပေါက် ဒေါသထွက်မိမှာပဲ။
ကံကောင်းထောက်မစွာ နောက်ဆုံးအခိုက်အတန့်တွင် ဆမ်မြူရယ်သည် အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး အဖြစ်ဆိုးမဖြစ်အောင် တားဆီးခဲ့သည်။ ၎င်းသာ အောင်မြင်ခဲ့လျှင် အကျိုးဆက်ကို သူ တွေးကြည့်လို့တောင်မရပေ။ ၎င်းကို တွေးကြည့်လိုက်ရုံနှင့် စုဖေးနှလုံးသားက နာကျင်လာသည်။
ထို့ကြောင့် စုဖေးက အရမ်းနောင်တရနေခဲ့သည်။ သူ့အကြောင်းပြချက်များက မည်မျှပင် ခိုင်လုံနေပါစေ၊ မည်မျှပင် ဆမ်မြူရယ်ကောင်းဖို့အတွက်ဟု ဆိုနေပါစေ၊ သူသည် ဆမ်မြူရယ်ကို ပေးထားတဲ့ကတိကို ချိုးဖျက်ကာ ဆမ်မြူရယ်အကြောက်ဆုံးအရာကို အတိအကျ လုပ်ဆောင်စေခဲ့သည် : သူ့ကို ထိခိုက်အောင်ပြုလုပ်စေခဲ့သည်။
ဆမ်မြူရယ်သည် အမှန်တကယ် နူးညံ့ကြင်နာတတ်သည့်သူတစ်ယောက်ဖြစ်သည်ကို စုဖေး သိထားသည်။ အထူးသဖြင့် သူ့အပေါ်တွင်။ ပြောရရင် သူက သူ့အပေါ် ဒေါသထွက်လိမ့်မည်မဟုတ်ပေ။ သူ့မှတ်ဉာဏ်တွေ ပြန််မရခင်ကတည်းက သူက အဲဒီလိုလူမျိုးပင်။ နိုးထလာပြီးနောက်တွင် သူက စုဖေးကို ပို၍ပင် ချစ်ခင်မြတ်နိုးလာသည်။ ထို့ကြောင့် သူသည် ဒေါသထွက်နေပြီး ထိတ်လန့်တုန်လှုပ်နေသေးသော်လည်း အဲဒါကို သူ ထုတ်ဖော်မပြခဲ့ပေ။ သူသည် သူ့ကို အပြစ်တင်တာမျိုး သို့မဟုတ် ထိပ်တိုက်ပြောဆိုလာတာမျိုး မရှိခဲ့ပေ။
သို့သော် ထိုသို့ဖြစ်နေခြင်းကြောင့် စုဖေးက ပို၍ပင် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူ လုပ်ခဲ့တာတွေက တအားလွန်သွားတယ်ဆိုတာ သူ သိပါတယ်။ အပြစ်မကင်းတဲ့စိတ်ကြောင့် စုဖေးက ဒီရက်တွေမှာ ဆမ်မြူရယ်ကို အလွန်အမင်းဂရုစိုက်ရင်း အလုပ်များနေခဲ့သည်။