chapter ~> 12{ငါက နှလုံးသားနူးညံ့တဲ့သူ တစ်ယောက်ပါ!}

4.6K 824 5
                                    

Unicode

အခန်း ၁၂ - ငါက နှလုံးသားနူးညံ့တဲ့သူ တစ်ယောက်ပါ!

စုဖေး မသေခဲ့ဘူး။ အဲဒါက သူ မျက်စိတစ်မှိတ်အတွင်း ဆမ်မြူရယ်ကို သတ်နိုင်သည့် စူပါပါဝါကို ရုတ်ခြည်း ပိုင်ဆိုင်လိုက်ရလို့ မဟုတ်ပါဘူး။ ဆမ်မြူရယ်က သူ့ကို ကိုက်နေတာကို ဖြေလျော့ပေးလိုက်လို့ပါ။

စုဖေး ဇဝေဇဝါဖြစ်သွားသည်။ ဆမ်မြူရယ်ကို ငယ်သေးတယ်လို့ ယူဆလို့ရပေမယ့် ဒါက အကြာကြီးဖြစ်လိမ့်မှာ မဟုတ်ဘူး။ သူက သူ၏အသိစိတ်၊ အကြင်နာတရား စသည်ကို ခွေးကျွေးခဲ့တာ ကြာလေပြီ။ သူရဲ့အသက်ကို ချမ်းသာပေးတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ?

သို့သော်လည်း စုဖေးက သူ အသက်ရှင်နိုင်ပြီ ဖြစ်သည့်အတွက် အလွန်ပင် ပျော်ရွှင်နေပြီ။ သူ ဘယ်လိုလုပ် ထုတ်မေးရဲမှာလဲ?

ဆမ်မြူရယ်က သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေတာက သူ့ကို ကျောချမ်းစေ၏။ သူက သူ့မျက်နှာအမူအရာ အလျင်အမြန် ပြုပြင်လိုက်ပြီး ဖြောင့်မတ်တည်ကြည်သော သူတစ်ဦးအဖြစ် ပေါ်လွင်စေရန် ကြိုးစားခဲ့သည်။ ပြီးခဲ့တာတွေက ပြီးပါစေတော့။ သူ့သွေး နည်းနည်းလောက် သောက်လိုက်တော့ ဘာဖြစ်လဲ! ဒါဟာ သူ့ညီအစ်ကိုအတွက် ဘာမဆိုလုပ်ပေးမယ့်သူတစ်ယောက်ရဲ့ အမူအရာတစ်ခုပါပဲ။

ကံမကောင်းစွာပဲ သူသည် ဆမ်မြူရယ်၏ မျက်လုံးထဲတွင် မျက်နှာထားတင်းတင်း၊ အတုအယောင်အပြုံးနှင့်  လှောင်ပြောင်သရော်နေသည့်ပုံ ပေါက်နေသည်။ နတ်ဆိုး၏ ခရမ်းရောင် မျက်လုံးများသည် မဲနယ်ရင့်ရောင်လို မည်းမှောင်သွားသည်။

စုဖေး : သေစမ်း!! ကျေးဇူးပြုပြီး တစ်ယောက်ယောက်က ငါ့ကို
နှလုံးသားနူးညံ့တဲ့ လူတစ်ယောက်လို ပြုမူတတ်အောင်   သင်ပေးပါ!!!

သူက ဘုရားလောင်းတစ်ဦးလို ဟန်မဆောင်တတ်သဖြင့် သရုပ်ဆောင်တာကို ရပ်တန့်သင့်ကြောင်း သူ နားလည်လိုက်၏။
လျို့ဝှက်ကြံစည်ရန် ကြိုးစားသော်လည်း အဆုံးမှာ ဖျက်စီးခံလိုက်ရသည့် ကြေကွဲစရာဖြစ်ရပ်ဆိုးကို စုဖေး ကောင်းကောင်းသိသည်။ ဒီလိုမျိုး မကျွမ်းကျင်သည့် လူတွေနှင့် နှိုင်းယှဉ်ပါက သူသည် သူ၏သစ္စာရှိမှုကို အလုပ်နှင့် သက်သေပြလိုက်မည်။

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းWo Geschichten leben. Entdecke jetzt