chapter~>61{ဒီဦးလေးက အရမ်းအိုနေပါပြီ}

2.7K 589 7
                                    

အခန်း 61 - ဒီဦးလေးက အဲလို တဲ့တိုးစကားတွေကို ခံနိုင်ရည်ရှိဖို့ အရမ်းအိုနေပါပြီ

" ဟယ်လို စုဖေး " လူစိမ်းက ခပ်ယဲ့ယဲ့အပြုံးဖြင့် စုဖေးထံသို့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး " ဒါ ငါတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဖူးတာ ထင်တယ်။ ငါက လင်းဒီပါ "

လင်းဒီ...

စုဖေး၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ လက်စသတ်တော့ သူကိုး။ ဟုတ်သားပဲ။ ရဲလန်မှာ ဆမ်မြူရယ်ရဲ့ခွန်အားကို ယှဥ်နိုင်တာ လူအနည်းစုပဲရှိတာလေ။

သေချာပေါက် လင်းဒီမာဖီက သူတို့ထဲက တစ်ယောက်ပေါ့။

သူသည် နတ်ဆိုးလောက၏သခင်၊ နတ်ဆိုးများ၏ခေါင်းဆောင်၊ အေဘယ်မာဖီ၏ဖခင် ဖြစ်သည်။ သူ လင်းဒီကို အရင်က မြင်ဖူးပေမယ့် ဒီအနေအထားတော့ မဟုတ်ဘူး။ မည်သို့ပင်ဆိုစေကာမူ သူ့ဂုဏ်သတင်းက ရဲလန်တခွင် ပျံ့နှံ့လျက်ရှိသည်။ သူက သန်မာပြီး စွမ်းအားကြီးသည်။ အရေးအကြီးဆုံးကတော့ သူ့စရိုက်က ဥာဏ်နီဥာဏ်နက်များပြီး လျှို့ဝှက်နက်နဲသည်။

နတ်ဆိုးများသည် ပင်ကိုယ်ဗီဇအားဖြင့် ရက်စက်ကြမ်းကြုတ်ကြသည်။ ထို့ကြောင့် မကြာခဏဆိုသလို သူတို့က မထီမဲ့မြင်ပြုတတ်ကြပြီး ဆင်ခြင်တုံတရား ကင်းမဲ့လေ့ရှိသည်။ ရှေးဦးနတ်ဆိုးအများစုက သွေးဆာနေသော သတ္တဝါများ ဖြစ်ကြသည်။ သူတို့၏သွေးထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အထက်စီးဆန်ပြီး ခေါင်းမာတတ်သော သဘာဝသည် သူတို့၏ကိုယ်ပိုင်စွမ်းအားများကို ထိန်းချုပ်ရန် ပို၍ခက်ခဲစေသည်။

ပြီးတော့ လင်းဒီ၊ ဒီနတ်ဆိုးဘုရင်က အလွန်ထူးခြားသော တည်ရှိမှု ဖြစ်သည်။

ဒါမှမဟုတ်... စုဖေး ခေတ်သစ်စကားနဲ့ ပြောရရင် ဒီလူမှာ DID(စိတ်ကစဥ့်ကလျားရောဂါ) ရှိတယ်လို့ ပြောနိုင်တယ်...

သူ့မှာ လုံးဝမတူညီတဲ့စရိုက်ခွဲ နှစ်မျိုးရှိ၏ : တစ်ခုမှာ အလွန်တရာ ဆင်ခြင်တုံတရားရှိပြီး နောက်တစ်ခုမှာ အလွန်အမင်း ရူးသွပ်နေလေသည်။ ဆင်ခြင်တုံတရားရှိသည့်စရိုက်က ဖြောင့်မတ်တည်ကြည်၍ IQ အလွန်မြင့်မားပြီး အစီအစဉ်များကို ဖြည်းဖြည်းနှင့် မှန်မှန်ကန်ကန် ရေးဆွဲနိုင်သည်။ သို့သော် သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်အား‌ပျော့လေသည်။

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းWhere stories live. Discover now