chapter ~>46{သူတို့ သေသင့်တယ်၊ မဟုတ်ဘူးလား?}

3K 633 5
                                    

Unicode

အခန်း 46 - သူတို့ သေသင့်တယ်၊ မဟုတ်ဘူးလား?

ထွက်ပေါ်လာသော အလင်းတန်းသည် တောက်ပလွန်းသည် မဟုတ်သော်လည်း ၎င်းသည် လူတိုင်းကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

ရတနာတောင်သည် အပျက်အစီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေထုထဲတွင် သွေးနံ့များ လှိုင်လှိုင်ထွက်နေသည်။ စုဖေး
သည် မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်းမမြင်နိုင်လောက်အောင် အလှမ်းဝေးနေ၏။ သို့သော် သွေးနံ့စူးစူးက သူ့ကို အော်ဂလီဆန်စေသည်။

ရတနာတောင်ကို ပတ်လည်ဝိုင်းထားသည့် လူတိုင်း၏ မျက်နှာများတွင် စိတ်ရှုပ်ထွေးနေသောအကြည့်များ ပြည့်နေ၏။ထို့နောက် စူးစူးဝါးဝါးအော်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ စုဖေး ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

ဆယ်မီတာခန့်မြင့်သော သားရဲကြီးတစ်ကောင်သည် အပျက်အစီးများအနီးတွင် ရပ်နေသည်။ သွေးရောင်ရဲနေသော မျက်လုံးများသည် သွေးဆာနေပြီး ရူးသွပ်ကာ ပါးစပ်မှ သွေးမည်းမည်းများ စီးကျနေ၏။ ၎င်းက သက်ရှိလူသားများကို နှစ်ခြမ်းဖြဲပစ်လိုက်သည်။

၎င်းက အပျက်အစီးများအနီးရှိ လူများကို စူးစိုက်ကြည့်ကာ တံတွေးကို အငမ်းမရ မျိုချလိုက်သည်။

ဤရုတ်တရက် ထိုးစစ်ကြောင့် လူအများအပြား အသက်ဆုံးရှုံးခဲ့ကြသော်လည်း အဆုံးမှာတော့ အက်ကွဲကြောင်းအတွင်းသို့ ဝင်လာသူများသည် အားနည်းသူများ မဟုတ်ကြပေ။ သူတို့က မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ကြသည်။ လေးသမား၊ စစ်သည်တော်များနှင့် မှော်ဆရာများသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခဲ့ကြသည်။  မြောက်မြားစွာသော တိုက်ခိုက်မှုများသည် ၎င်း၏ခန္ဓာကိုယ်ကို ထိမှန်ခဲ့ပြီး မီးပွားများ ပေါက်ကွဲထွက်လာသည်။

ကံမကောင်းစွာပဲ တောက်ပသောမီးတောက်များ မှိန်ဖျော့သွားသောအခါ ၎င်းသည် မြေပြင်ပေါ်တွင် မတ်မတ်ရပ်နေမြဲပင်။ အစွမ်းထက်သော တိုက်ခိုက်မှုများက တောင်တစ်တောင်ကို ဖြိုဖျက်ရလောက်အောင် စွမ်းအားကြီးသော်ငြား ၎င်းသည် ဝါဂွန်းနှင့် ပစ်ပေါက်နေသည့်အလား နည်းနည်းမှ ထိခိုက်မှုမရှိခဲ့ချေ။

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းWhere stories live. Discover now