အခန်း ၃ - တကယ်ကိုပဲ
မန်စီအတွက် ညနေခင်းအိမ်ပြန်ပါတီကို ဘုရားကျောင်း၌ ကျင်းပသည်။ နတ်သူငယ်မျိုးနွယ်သည် အရေအတွက် အနည်းငယ်သာရှိပြီး ဗယ်လင်နောတွင်ပင် သူတို့၏ လက်တစ်ဆုပ်စာ ပမာဏသာလျှင် မြင့်မြတ်သည်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် ပါတီပွဲကို လူအများကြီး မတက်နိုင်ပေ။ အထူးသဖြင့် နတ်သူငယ်များသည် ငြိမ်သက်အေးချမ်းခြင်းကို နှစ်သက်ကြ၏။ သူတို့ တစ်ဦးစီတိုင်းက ကြော့ရှင်းမှုနှင့် ပြည့်လျှံနေသည်။ အားလုံးက ပါတီပွဲနှင့် အံဝင်ခွင်ကျဖြစ်နေသည်။ ကြီးမားသော ဘုရားကျောင်းထဲတွင် သူတို့က သဘာဝကျကျပင် ပို၍ယဥ်ကျေးသိမ်မွေ့ ကြပြီး သူတို့၏ ကြော့ရှင်းသော အလှတရားကို လုံးလုံး ပြသထားကြ၏။
စုဖေးအတွက် ဒီပါတီက အထက်တန်းလွှာ လေထုကို ထုတ်လွှတ်နေသည်။ အရပ်ရှည်ရှည်၊ ချမ်းသာပြီး ချောမောတဲ့ ယောက်ျားတွေ၊ ပုံမှန်အရပ်အမြင့်၊ ချမ်းသာကြွယ်ဝပြီး လှပတဲ့အမျိုးသမီးတွေအတွက် ပါတီပွဲပင်။ သူကိုယ်တိုင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်နှင့် တူသည်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူက လူမှုဆက်ဆံရေး အချိုးမပြေ၊ အရပ်ပုပု၊ ဆင်းရဲတဲ့ ရုပ်ဆိုးဆိုးကောင်လေးပါပဲ။
မန်စီပေါင်ပေ့ကို တွေ့ဖို့ မျှော်လင့်ထားတာမဟုတ်ရင် သူ ဒီလိုနေရာမျိုးကို ဘယ်တော့မှ လာမှာမဟုတ်ဘူး။
သူ့အတွက် ကံကောင်းသွားတာက ဖေးက အရွယ်မရောက်သေးဘူး။ ဗစ်အန်းနီသည် လူမှုဆက်ဆံရေး ကောင်းပြီး ဖော်ရွေသည့် လူတစ်ယောက်ဖြစ်သည်။ ဒါကြောင့် စုဖေးက စကားပြောဖို့ မလိုအပ်လေဘူး။ သူလုပ်ရမှာက အားလုံးကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်ရုံပဲ။
ရင်းနှီးသော နတ်သူငယ်အချို့နှင့် ခဏတာ စကားပြောပြီးနောက် ပါတီ၏ ကြယ်ပွင့်သည် နောက်ဆုံးတွင် ရောက်လာခဲ့သည်။
စုဖေးသည် အရမ်းကောင်းသည့် နေရာမှာ ရောက်နေ၏။ သူ၏ဘယ်ဘက်မှာ အရောင်အသွေးမျိုးစုံရှိတဲ့ အဖျော်ယမကာတွေ ရှိပြီး သူ၏ညာဘက်မှာ လှပသော ဗစ်အန်းနီ ရှိသည်။ သူ လှည့်ကြည့်လိုက်သောအခါ ဘုရားကျောင်းထဲသို့ ဝင်လာသော နတ်သူငယ် တစ်ယောက်ကို တွေ့လိုက်ရ၏။