Unicode
အခန်း 41 - မန်စီ : ဖေး၊ ကိုယ် မင်းကို ထပ်ပြီးထွက်သွားခွင့်မပေးတော့ဘူး။
အကယ်၍ ၎င်းနှင့်ပတ်သက်ပြီး မသကႅာစရာ တစ်ခုခုမရှိပါက မန်စီသည် အချိန်ကိုက် ဘယ်လိုလုပ်ပေါ်လာနိုင်မှာလဲ? သူ ရောက်လာတာ အရမ်းမြန်လွန်းလို့ သူက သူ့ကို လာကြိုဖို့ ခေါ်ထားသလိုပဲ။
ဒီဂြိုလ်ကောင်ကတော့!
ဘယ်လိုပဲဖြစ်ဖြစ် သူ့တည်နေရာကို သိသွားပြီဖြစ်တာကြောင့် သူ ပုန်းရှောင်ရန် မကြိုးစားတော့ပေ။ သူက မန်စီ ရောက်လာတာကို ရပ်စောင့်နေလိုက်သည်။
မန်စီသည် တစ်ယောက်တည်း လာခဲ့သည်။ သူ၏ငွေရောင်ဆံနွယ်များကို မြကလစ်ဖြင့် လျော့ရိလျော့ရဲ ချည်ထားသည်။သူသည် စိမ်းပြာရောင်အပေါ်ကုတ်ကို အနက်ရောင် ကိုယ်ကျပ်ဘောင်းဘီနှင့်တွဲ၍ ဝတ်ဆင်ထားသည်။ သူသည် ဒူးဆစ်ထိရောက်သော ဘွတ်ဖိနပ်ကို ဝတ်ဆင်ထားပြီး ၎င်းက သူ့ကို အရပ်ပိုရှည်၍ သွယ်လျပုံပေါ်စေသည်။
ပြောရမယ်ဆိုရင်တော့ နတ်သူငယ်တွေက တကယ်ကြီး အသက်ရှူမှားလောက်အောင် လှတယ်!
သို့သော်လည်း စုဖေးသည် မကြာသေးမီကမှ သူ၏မျက်နှာလှလှလေးများတွေ့လျှင် ဗွေဖောက်တတ်သည့်အကျင့်ကို ထိန်းချုပ်နိုင်ခဲ့သည်။ သူ နောက်ဆုံးတော့ စဥ်းစားချင့်ချိန်နိုင်သွားပြီ ဖြစ်သည်။ သူ အရင်လို သည်းကြီးမည်းကြီး ငမ်းမှာမဟုတ်တော့ဘူး!
ဖြူစင်သူလေး စုဖေး : ငါ့ရဲ့ တည်ကြည်ပြီး ခန့်ညားတဲ့ အရှိန်အဝါကို ကြည့်လိုက်! လောင်ဇီက ပိုပိုပြီးgongပီသလာတယ်!
မကောင်းဆိုးဝါး စုဖေး :
ဇာတ်လိုက်gongကြီးကို အချိန်အတော်ကြာ ငမ်းကြောထပြီးမှ အလှတရားတွေကို ခံနိုင်ရည်ရှိသွားတာ မဟုတ်ဘူးလား?ဖြူစင်သူလေး စုဖေး : ငါ့ရဲ့ဝင့်ကြွားမှုကို ဖျက်လိုဖျက်စီးလာမလုပ်နဲ့...! 〒▽〒
မန်စီသည် စုဖေးကို နွေးထွေးနူးညံ့သော အကြည့်ဖြင့် ကြည့်လာသည်။ မျက်နှာ လေငန်းရောဂါ ခံစားနေရပုံရသော သူ၏ဂုဏ်သိက္ခာရှိပြီး မာနထောင်လွှားသော ရေခဲရိုက်မျက်နှာကို ယခုလိုတွေ့လိုက်ရသောအခါ စုဖေးက ကြက်သီးထသွားသည်။ သူ ရူးသွားတာ ဖြစ်ရမယ်!