အခန်း 79.1 - ငြိုးမာန်ဖွဲ့ဓားသွား
နဂါးများတွင် ဘုရင်မရှိသော်လည်း နှစ်တစ်သောင်းပြည့်တိုင်း နတ်ဘုရားတစ်ပါး မွေးဖွားလာမည် ဖြစ်သည်။ ထိုသူသည် နတ်ဘုရားအဖြစ် မွေးဖွားလာလိမ့်မည် သို့မဟုတ် အဖြစ်အပျက်တစ်ခုခုကြောင့် နိုးထလာလိမ့်မည်။
ဆမ်မြူရယ်၏ဖခင်၊ အနက်ရောင်နဂါးကြီး ဆဲရ်ဒေါသည် သူ သင်ကြားပေးခဲ့သည့် နတ်ဆိုးများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သေဆုံးသွားသောအခါ ဆမ်မြူရယ်၏ညီလေး တေးလ်၏အလောင်းသည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။
ထို့ကြောင့် တစ်ဦးတည်းသော ဖျက်ဆီးခြင်းနတ်ဘုရားမှာ နိုးထလာလေသည်။
သေခြင်းတရား၊ သစ္စာဖောက်ခံရခြင်းနှင့် အငြိုးအာဃာတတို့ကြောင့် နဂါးနက်ကြီး လန်နေးသည် ဖျက်ဆီးခြင်း နဂါးနတ်ဘုရား ဖြစ်လာခဲ့သည်။ ယခင်နတ်ဘုရားများတွင် တစ်ခါမှ မရှိခဲ့ဖူးသော ကြောက်မက်ဖွယ်ခွန်အား၊ သွေးအေးသောစိတ်၊ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် သူသည် သနားငဲ့ညာမှုမရှိသော ကြောက်မက်ဖွယ် သွေးကြွေးစစ်ပွဲကို စတင်ခဲ့သည်။
တိုက်ပွဲသည် နှစ်ပေါင်းတစ်သောင်းကြာမြင့်ခဲ့သည်။ ကျူးကျော်သူများသည် လူတိုင်းထင်ထားသည်ထက် လျင်မြန်စွာ မျိုးပွားကြသည်။ ၎င်းတို့၏ အားကောင်းသော သင်ယူနိုင်စွမ်းနှင့် မြန်မြန်ကြီးထွားမှုက ၎င်းတို့အား တိုက်ပွဲတွင် အားဖြည့်ပေးရန် မျိုးဆက်သစ်များ အဆက်မပြတ် မွေးထုတ်ပေးသောကြောင့် ၎င်းတို့၏ ရှေ့ပြေးတပ်သည် ရှည်လျားပြီး အဆုံးမရှိချေ။
နှိုင်းယှဉ်ကြည့်လျှင် လေနတ်သားများ၏စစ်တပ်အင်အားသည် ထိုးနှက်ချက်တစ်ခုကိုပင် မခံနိုင်ပေ။ နဂါးများ၏စစ်တပ်အင်အားသည် သန်မာသော်လည်း သူတို့က အနည်းငယ်သာရှိသည်။ မြန်မြန်ဆန်ဆန်မျိုးပွားနိုင်သော ကျူးကျော်သူများနှင့် ရင်ဆိုင်ရသောအခါ သူတို့သည် မွေးဖွားရန်နှင့် အရွယ်ရောက်ရန် အချိန်ကြာကြာ လိုအပ်သည်။ သူတို့မှာ သန်မာသော တိုက်ခိုက်ရေးစွမ်းအားရှိသော်လည်း သူတို့ ဘယ်လောက်ပဲခုခံနေပါစေ သူတို့၏လူဦးရေက တစ်စတစ်စ လျော့နည်းလာခဲ့သည်။