chapter ~>59{ဗစ်အန်းနီ စင်ဒီ}

3K 631 11
                                    

Unicode

အခန်း 59 - ဗစ်အန်းနီ စင်ဒီ

ဒီစကားက စုဖေး နှုတ်ခမ်းဝထိ ရောက်နေသည့်စကားလုံးများကို ပြန်ဝင်သွားစေသည်။

ဂရန့်လန် ဘာပြောမလဲ သူ သိချင်တယ်။ သူ ဘာပြောနိုင်မလဲ?

စုဖေးသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ဂရန့်လန်ဆီ သူ့အကြည့်တွေကို ပို့လိုက်သည်။ သူ အနည်းငယ် သိချင်နေရင်တောင် သူ အဲဒါကို ဖော်ပြမှာမဟုတ်ဘူး။ သူ ဘာမှမပြောဘဲ ဂရန့်လန်ကို စိုက်ကြည့်လိုက်သည်။ သူ့အမူအရာက တစ်ခုခုပြောချင်ရင် ပြောသာပြောလိုက်၊ ပြောစရာမရှိရင် ဒီကနေ မြန်မြန်ထွက်သွားတော့ ပြောနေသလိုပါပဲ။

ဂရန့်လန်သည် စုဖေးကို ငေးကြည့်နေပြီး သူ့အမူအရာကို မြင်တော့ အနည်းငယ် လမ်းပျောက်သွားသည်။ ရိုးရိုးသားသားပြောရရင် ဂရန့်လန်သည် ထူးခြားသော အသွင်အပြင်ရှိသည်။ သွေးသန့်နတ်သူငယ်ဖြစ်တာကြောင့် မျက်နှာလှလှလေးရှိခြင်းက သတ်မှတ်ထားသည့်အရာပင်။

မန်စီ၏သားနားပြီး ခက်ထန်သည့်အလှနှင့်မတူဘဲ သူ၏အသက်အရွယ်နှင့် အရှိန်အဝါကြောင့် သူ့အသွင်အပြင်ကို လူအများက သတိမမူမိကြပေ။

သို့သော် သူ၏အေးတိအေးစက် အသွင်အပြင်ကို ဖုံးကွယ်ပြီး သူ၏အမူအရာက နူးညံ့ပျော့ပျောင်းလာသောအခါတွင် တစ်စုံတစ်ယောက်က သူ့မှာ အလွန်တရာ ထူးကဲလှပသော မျက်နှာသွင်ပြင်ရှိကြောင်း တွေ့ရလိမ့်မည်။

သူ့အသံက ညင်သာပေမယ့် လေးနက်နေ၏။

“ ဖေး၊ ငါ နတ်သူငယ်မျိုးနွယ်ကို သစ္စာမဖောက်ခဲ့ဘူး။ ကိုယ့်လူမျိုးကိုယ် သစ္စာဖောက်ဖို့ဆိုတာ ငါ့အတွက် မဖြစ်နိုင်ပါဘူး။ သွေးသန့်နတ်သူငယ်ဖြစ်ရတာကို ငါ အမြဲတမ်းဂုဏ်ယူနေတာ။ ငါတို့ရဲ့ဂုဏ်သိက္ခာနဲ့ ငါတို့မျိုးရိုးဟာ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး ”

ဒီစကားတွေကို ဆိုဖေးအီဗန်အား ပြောလျှင် သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားနိုင်ပေမယ့် စုဖေးအတွက်ကတော့ သူ ဂရုမစိုက်ပါဘူး။ ဘာနတ်သူငယ်မျိုးနွယ်လဲ? ဘာမျိုးရိုးလဲ? ဝမ်းနည်းပါတယ်။ ငါက ကမ္ဘာမြေကလာတဲ့လူဖြစ်တာကြောင့် ငါ့ကို သွေးထိုးလို့မရဘူးကွ!

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းWhere stories live. Discover now