Unicode
အခန်း ၁၉ - sorry, cinnamon roll
T/N~> နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့သူကို cinnamon rollလို့ သုံးပါတယ်။
...........လေလံပွဲတွင်ရှိသော လူဦးရေ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းက ၎င်းသည် ဆယ်ရောင်ခြယ် ကြက်ဆင်သားရဲ၏ အမွေးဖြစ်သည်ကို မသိကြသော်လည်း အာရမ်သည် ကျန်တစ်ရာခိုင်နှုန်းတွင် ပါဝင်သည်။
အာရမ်က အခန်းထဲသို့ ဝင်လာသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့က မှော်မန္တန်ဖြင့် ရုပ်ဖျက်ထားသော်လည်း သူတို့၏အသွင်အပြင် အစစ်အမှန်ကို သူ့အား ဖုံးကွယ်မထားနိုင်ပေ။
ပထမဆုံး ၀င်လာသူမှာ ငွေရောင်ဆံပင်နှင့် ငွေရောင်မျက်လုံးများရှိသော နတ်သူငယ်ဖြစ်သည်။ လက်စသတ်တော့ သူက သွေးသန့်နတ်သူငယ်ကိုး။ အာရမ်က ရယ်ပြီး သူ့ဘေးကလူကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
နတ်သူငယ်၏ အနောက်မှလူသည် ပိုပြီးရှည်သည်။ သူကဆယ်ကျော်သက်တစ်ယောက်လို့ ထင်ရပေမဲ့ သူ့မှာ အရွယ်ရောက်ပြီးသားသူလို တောင့်တင်းသော ခန္ဓာကိုယ်ရှိနေသည်။
အာရမ်၏ ကျောက်စိမ်းကဲ့သို့မျက်လုံးများသည် သူ့ကို မြင်သောအခါ တောက်ပလာသည်။ထိုအမည်းရောင်ဆံပင်များနှင့် ခရမ်းရောင်မျက်လုံးများ... သူက နတ်ဆိုးတစ်ယောက်? ပြီးတော့ ရှေးဦးနတ်ဆိုး၊ မဟုတ်လား?
သူက နတ်ဆိုးများ၏ ထူးခြားသော အတောင်ပံများကို မမြင်နိုင်သော်လည်း သူ့ရှေ့မှ လူငယ်လေးသည် သူ၏မူလအသွင်ကိုပင် ဖုံးကွယ်ထားနိုင်ခဲ့သည်။ သူက သူ၏အတောင်ပံများကို ဝှက်ထားတာ ဖြစ်နိုင်ချေများသည်။
ထို့ပြင် သားမွေးသည် အဆင့်ကိုးရက်စက်ကြမ်းကြုတ်သော သားရဲဖြစ်သည့် ဆယ်ရောင်ခြယ် ကြက်ဆင်မှ ဖြစ်သည်။ သာမန်လူတစ်ယောက်က ၎င်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ?
ထို့ကြောင့် သူ၏ရှေ့မှနတ်ဆိုးသည် ရှေးဦးနတ်ဆိုးတစ်ယောက်ဆိုတာ သေချာသည်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့်ကိုး ရက်စက်ကြမ်းကြုတ်သော သားရဲကို သတ်နိုင်ခဲ့သည်။ သူ ကြီးပြင်းလာတဲ့အခါ သူ့ရဲ့ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိမ့်မလဲ?