chapter ~>7 {ဖေး...အမေ မင်းကို ချစ်တယ်}

4.8K 993 13
                                    

Unicode

အခန်း ၇ - ဖေး... အမေ မင်းကို ချစ်တယ်

ဗစ်အန်းနီ..…

စုဖေး ထိတ်လန့်သွား၏။ သူက ချက်ချင်း လှည့်ပြီး အီဗန်မိသားစု၏အိမ်တော်ဆီသို့ အရူးအမူး ပြေးသွားသည်။

သူက ဒီလောက် နှလုံးသားမမဲ့နိုင်ဘူး။ သူမ၏ခင်ပွန်းက ပျောက်သွားပြီး သူမ၏သားလည်း ထွက်ပြေးသွားမယ်ဆိုရင် သူမ ဘာဖြစ်သွားမလဲ? ဗစ်အန်းနီ... ဘာဖြစ်သွားလိမ့်မလဲ?

သူ၏ လက်တစ်ဖက်ဖြင့် သွေးထွက်နေသော ရင်ဘတ်ကိုဖိပြီး သူ့အဖေ မိန်းမပျက် ဂရန့်လန်ကို ကြိမ်းမောင်းလိုက်သည်။ သူ့လိုအဖေမျိုး ဘယ်မှာ ရှိနိုင်မှာလဲ? မထွက်သွားခင်မှာ သူက သူ့သားအရင်းကို ဓားခုတ်ရာပေးခဲ့တယ်။ သူ မြန်မြန်မသေမှာ စိုးရိမ်လို့လား?

စုဖေး၏နှုတ်ခမ်းများသည် နာကျင်မှုကြောင့် တွန့်ချိုးသွားသည်။ သူက ဂရန့်လန်ကို သူ၏ လက်စားချေမှုစာရင်းတွင် နံပါတ်တစ်အဖြစ် တိတ်တဆိတ် နေရာချခဲ့သည်။ မင်းကောင်း တစ်ယောက် လက်စားချေတဲ့အခါ ဆယ်နှစ်ဆိုလည်း သိပ်မနောက်ကျသေးပါဘူး!

ငါ အောင်မြင်လာတဲ့အခါ မင်း ငါ့လက်ထဲ မရောက်လာတာ ပိုကောင်းမယ်...အဖေ!

အပြောင်းအလဲသည် ရုတ်တရတ်ကြီး ဖြစ်သွားသည်။ နတ်သူငယ်များသည် အလွန်ထိတ်လန့်သွားပြီး သူတို့က ချက်ချင်း မတုံ့ပြန်နိုင်ချေ။ စုဖေးက တစ်နေ့တော့ သူ၏ခြေထောက်များကို ခြေသွက်များဖြစ်အောင် လေ့ကျင့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဘာလို့လဲဆိုတောာ့ သူ ပြေးတာက အရမ်းနှေးလွန်း၏။

သူသည် ခဏကြာတွင် အီဗန်အိမ်တော်ကြီးသို့ ရောက်လာသည်။  သူတို့သည် သိဒ္ဓိပင် ပြိုလဲမှုကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။ သို့ပေမဲ့ သူတို့မိသားစု၏ အကြီးအကဲကြောင့် ဖြစ်
တယ်ဆိုတာကို မသိကြသေးဘူး။

သူသည် အဓိကခန်းမသို့ တိုက်ရိုက်ဝင်သွား၏။ သူ အိမ်တံခါးဝသို့ရောက်သောအခါ ဗစ်အန်းနီ၏ မျက်လုံးများသည် အံ့သြမှုအပြည့်နှင့် ကြည့်လာ၏။ စုဖေး၏ပုံစံက စုတ်ပြတ်သတ်နေသည်။ အခမ်းအနား၀တ်စုံသည် ဖရိုဖရဲ ဖြစ်နေပြီး သူ၏ ဘယ်ဘက်ပခုံးမှ ညာဘက်ခါးထိ ဓားဒဏ်ရာမှ သွေးများ စီးကျနေ၏။ သူ၏ငွေရောင်ဆံပင်တိုတိုသည် ရှုပ်ပွနေပြီး သူ့မျက်နှာသည် ဖြူရော်ကာ အရောင်ဖျော့နေသည်။

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းWhere stories live. Discover now