Unicode
အခန်း 63 - ကိုယ့်အနားမှာပဲ နေပါ
'ရဲလန်'ဟူသော စကားလုံးသည်အသုံးအနှုန်းအရဆိုလျှင် သမုဒ္ဒရာများ မရှိသော်လည်း ၎င်း၏မျက်နှာပြင် ဖွဲ့စည်းပုံသည် ကမ္ဘာနှင့် အလွန်ဆင်တူ၏။ ၎င်းတွင် ကုန်းမြေ အနည်းငယ်နှင့် သမုဒ္ဒရာ ပြင်ကျယ်ကြီး ရှိသည်။
သမုဒ္ဒရာဟူသည် သက်ရှိသတ္တဝါများ စတင်ဖြစ်တည်ရာ မဟုတ်ဘဲ သေမင်းထောင်ချောက်တစ်ခုသာ။
၎င်းကို ပျက်စီးခြင်းပင်လယ်ဟု အမည်တွင်၏။ စုဖေးက ထိုနေရာကို မျှော်လင့်ချက်ပျက်သုဥ်းခြင်းပင်လယ်ဟု အမည်ပေးလျှင် ပို၍သင့်လျော်မည်ဟု တွေးလိုက်သည်။ ထိုနေရာတွင် မမျှော်လင့်ချက်ဆိုတာ လုံးဝမရှိတာကြောင့်ပင်။
တစ်စုံတစ်ယောက် ၎င်းအထဲသို့ ပြုတ်ကျသွားပါက သူ၏သေဆုံးခြင်းကို စိတ်ပျက်လက်ပျက် ထိုင်စောင့်နေရုံသာ တတ်နိုင်သည်။
မလွတ်မြောက်နိုင်၊ မထွက်ပြေးနိုင်ဘဲ သေဆုံးသွားလိမ့်မည်။
သို့ရာတွင် ဤပျက်စီးခြင်းပင်လယ်ပြင်တွင် ကျွန်းတစ်ကျွန်း ရှိ၏။ ထိုကျွန်းမှာ- အမှောင်မြို့တော် ဆိုသည့် နတ်ဆိုးဗိမ္မာန်ပင် ဖြစ်၏။
ရဲလန်တွင် လူအနည်းငယ်ကသာ အဘယ်ကြောင့် နတ်ဆိုးနယ်မြေသည် ပျက်စီးခြင်းပင်လယ်ပြင်တွင် တည်ရှိနေသည်ကို သိကြသည်။ ထိုအကြောင်းကို ဂိမ်းဖော်ပြချက်တွင် ဝေဝေဝါးဝါးသာ ဖော်ပြထားသည်။ ရဲလန်ကမ္ဘာကြီးကို ဖန်ဆင်းစဉ်က ဘုရားသခင်သည် နတ်ဆိုးများအား ဤနယ်မြေကို အပ်နှင်းခဲ့သည်ဟု စုဖေး ဖတ်ခဲ့ဖူးသည်။
နတ်ဆိုးများသည် အရွဲ့တိုက်တတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်ခြင်းကို နှစ်သက်သောကြောင့် ဘုရားသခင်သည် ဤကျွန်းကို သူတို့၏နယ်မြေအဖြစ် အပ်နှင်းခဲ့သည်။ သူတို့ကို သီးသန့်ခွဲထားချင်တာကြောင့် ဒါမှမဟုတ် အကျဥ်းချထားချင်တာကြောင့်လို့ ထင်ရပေမယ့် ၎င်းက မဖြစ်နိုင်ပေ။
ရဲလန်သည် တရားမျှတသည်။ ၎င်းသည် မည်သည့်မျိုးနွယ်ကိုမှ ဘက်လိုက်ခြင်းမရှိခဲ့သလို မည်သည့်မျိုးနွယ်ကိုမှ ဖယ်ကျဥ်ထားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်တစ်ခုတည်းကိုပဲ သီးသန့်ခွဲခြားထားရန်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် နတ်ဆိုးများ အခြားနေရာများသို့ ဆက်သွယ်သွားလာနိုင်ရန် ကျွန်းပေါ်တွင် နေရာပြောင်းမှော်အစီအရင် ခင်းကျင်းထားသည်။ ဤနည်းဖြင့် နတ်ဆိုးတို့သည် ပျက်စီးခြင်းပင်လယ်ပြင်မှ အလွယ်တကူ ထွက်ခွာနိုင်သည်။