Unicodeအခန်း ၃၆ -အားမစိုက်ရဘဲ ရလာသော ရှေးဟောင်းပစ္စည်း
မှင်စာက ဂရန့်လန် အီဗန်ကို ရည်ရွယ်ပြီးပြောတာ ဖြစ်ရမယ်!
စုဖေးနှင့် ဆမ်မြူရယ်သည် အန်တိုနီယို၏ဖြတ်လမ်းမှ လိုက်လာသောကြောင့် အပေါ်အလွှာသို့ ဂရင်းလျန်မရောက်မီ ရောက်လာခဲ့သည်။ တိုကင်ပြားများကို လက်ခံထားသော မှင်စာသည် ဂရန့်လန် အီဗန်ကို ယခင်က မမြင်ဖူးပေ။ သို့သော် သွေးသန့်နတ်သူငယ်များတွင် အလွယ်တကူ မှတ်မိနိုင်သော အင်္ဂါရပ်များရှိသည်။ ထို့အပြင် ဂရန့်လန်သည် နတ်ဆိုးတစ်ယောက်နှင့် အတူရှိနေခဲ့ပြီး စုဖေးသည်လည်း အတူတူပင်။
ထိုအကြောင်းပြချက်ကြောင့် စုဖေးကို ဂရန့်လန်ဟု မှင်စာက ယူဆခဲ့သည်။
မှင်စာက သူ့အတွက် ကျောက်စိမ်းတိုကင်ပြားကို ပြင်ဆင်ထားသောကြောင့် ဂရန့်လန်က ကြိုတင်ချိန်းဆိုထားသည်မှာ ထင်ရှားသည်။
ကျောက်စိမ်းတိုကင်သည် တစ်စုံတစ်ယောက်အား သတ်မှတ်ထားသော သီးသန့်အခန်းသို့ ဝင်ရောက်ခွင့်ပြုမည့် သက်သေခံအမှတ်အသားဖြစ်သည်။ ကံအားလျော်စွာ စုဖေးက စည်းကမ်းများကို နားလည်ထားသည်။ မဟုတ်ရင် ကျောက်စိမ်းတိုကင်ကို လက်ခံထားရင်တောင် သူ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။
ဂရန့်လန်၏ကျောက်စိမ်းတိုကင်ပြားသည် အစိမ်းနုရောင်ဖြစ်သည်။ အစိမ်းရင့်ရောင် ကျောက်စိမ်းတိုကင်ပြားသည် ပစ္စည်းရောင်းချမည့်သူများအတွက် ဖြစ်သည်။ လေလံပွဲတွင် ပါဝင်သူများက စိမ်းပြာရောင်ကျောက်စိမ်း တိုကင်ပြားတစ်ခု ရရှိမည်ဖြစ်သည်။ အစိမ်းနုရောင် ကျောက်စိမ်းတိုကင်ပြားသည် အရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားသည့်သူများအတွက် ဖြစ်သည်။
ဘန်းနီးစ်၏အပေါ်အလွှာတွင် အထူးအင်္ဂါရပ် တစ်ခုရှိသည်။ မှင်စာများသည် ဘန်းနီးစ်မြို့တွင် ခိုက်ရန်မဖြစ်ပွားနိုင်အောင် အကာအကွယ် အတားအဆီးတစ်ခု ဖန်တီးရန် သူတို့၏ ကြွယ်ဝမှု အများအပြားကို အသုံးပြုခဲ့သည်။ အောက်ဆုံးအလွှာ၌ အားပျော့သော အကာအကွယ်စည်းရှိပြီး အလယ်အလွှာလည်း အလားတူပင်။ အပေါ်အလွှာအတွက် အကာအကွယ်စည်းသည် ထိပ်တန်းဖြစ်သည်။