chapter~>60{ဒါတွေအားလုံးက ဒီကျိန်စာသင့်နေတဲ့နေရာကြောင့်!}

3K 634 10
                                    

Unicode

အခန်း ၆၀ - ဒါတွေအားလုံးက ဒီကျိန်စာသင့်နေတဲ့နေရာကြောင့်!

" မင်းအမေက...နတ်ဘုရားပဲ "

ဂရန့်လန် ပြောလိုက်သည့်စကားကြောင့် စုဖေး ရှော့ရသွားသည်။ သတင်းအချက်အလက်တွေက သူ လိုက်မမှီနိုင်တော့ဘူး။

သဘာဝနတ်ဘုရား စင်ဒီ?

ဗစ်အန်းနီက နတ်ဘုရားတစ်ပါးရဲ့သမီးတော်? ဒါဆို ဗစ်အန်းနီလည်း နတ်ဘုရားပေါ့?

နေဦး။ စုဖေးသည် သူ့စိတ်ထဲရှိပရမ်းပတာများကို ခက်ခက်ခဲခဲ ဖြေဖျောက်လိုက်ရသည်။ သူ မှတ်မိသလောက် ရဲလန်မှာ နတ်ဘုရား တစ်ခါမှ မပေါ်လာခဲ့ဖူးပါဘူး။

လူတိုင်း ပြောနေကြတဲ့နတ်ဘုရားအကြောင်းက ကမ္ဘာပေါ်က လူတွေပြောနေကြတဲ့ နတ်ဘုရားအကြောင်းနဲ့ အတူတူပါပဲ။ သူတို့ တကယ် တည်ရှိလား မရှိဘူးလားဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်ကြဘူး။

ဘုရားသခင် အပ်နှင်းထားသော သိဒ္ဓိပင်နှင့် လူမျိုးတစ်ခုစီ၏ ရှေးဟောင်းပစ္စည်းများကဲ့သို့ပင်။၎င်းတို့အားလုံးတွင် 'ဘုရား' နှင့် ပတ်သက်သော စကားလုံးများ ပါရှိသော်လည်း ၎င်းတို့၏ မူလဇစ်မြစ်ကို မည်သူမျှ အမှန်တကယ် မသိကြပေ။

သူတို့သည် ရဲလန် တည်ရှိစဉ်ကတည်းက ရှိခဲ့ပုံရပေမဲ့ ၎င်းက မည်သို့ဖြစ်တည်လာမှန်း ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူး။

နတ်ဘုရားများနှင့်နတ်ဆိုးများသည် အများသိကြသော နတ်ဘုရားနှင့်နတ်ဆိုးနှင့် မတူပေ။ တကယ်တော့ သူတို့က မျိုးနွယ်တစ်ခုကိုသာ ကိုယ်စားပြုသည်။ သူတို့က လူသားများ၊ သားရဲလူသားများ၊ လူပုများ စသောမျိုးနွယ်စုများနှင့် များစွာကွာခြားမှုမရှိချေ။

သူတို့၏တိုက်ခိုက်ရေးစွမ်းအားက အနည်းငယ် ပိုအားကောင်းနေရုံပါပဲ။ သူတို့က အခြားနယ်ပယ်တွေမှာ လူသားတွေလို မတော်ကြပေ။ ဥပမာပြရရင် နတ်ဆိုးများက အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်း မရှိကြချေ။ နတ်ဘုရားများက စည်းလုံးကြသော်လည်း သူတို့၏လူဦးရေစုစုပေါင်းမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှသည်။ ထို့အပြင် သူတို့က မျိုးမပွားနိုင်ကြပေ။ တစ်ယောက်သေပါက မျိုးနွယ်ထဲတွင် တစ်ယောက်လျော့သွားလိမ့်မည်ဖြစ်ပြီး အချိန်တန်လျှင် သူတို့ မျိုးတုန်းသွားနိုင်ခြေရှိသည်။

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းDonde viven las historias. Descúbrelo ahora