Unicode
အခန်း ၂၈ - မူရာမြို့ ပျက်သုန်းသွားလေပြီ!
လူသားများ၏ အဓိကမြို့ကြီး သုံးမြို့အနက် တစ်ခုဖြစ်သော မူရာမြို့ ညတွင်းချင်း ပျက်သုန်းသွားသည့် သတင်းသည် ရဲလန်တိုက်ကြီး တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။
ဤအဖြစ်အပျက်သည် နတ်သူငယ်မျိုးနွယ်၏ သိဒ္ဓိပင် ပြိုလဲခြင်းနှင့် ကွဲပြားသည်။ သိရသလောက် မူရာမြို့ရှိ အဆောက်အအုံများအားလုံး ပြာဖြစ်သွားပြီး အထောက်အထား တစ်ခုမျှပင် မကျန်ခဲ့ပေ။ နောက်ပိုင်းမှာ ဒီကိစ္စ၏အမှန်တရားကိုသိရန် နည်းလမ်းမရှိတော့ချေ။
ဘာကြောင့်လဲဆိုတော့ ဒီအဖြစ်အပျက်တွင် ပါဝင်ပတ်သတ်ခဲ့တဲ့ လူတိုင်းဟာ မူရာမြို့ကြီးနဲ့အတူ ပျောက်ကွယ်သွားခဲ့ပုံရသည်။
၎င်းသည် ကောင်းကင်ဘုံက အပြစ်ပေးတာဖြစ်ပြီး လူသားများက ပြန်လည်မတိုက်ခိုက်နိုင်ဘဲ သူတို့၏ပျက်သုန်းခြင်းကို တိတ်တဆိတ် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့သည်။
စုဖေး သေသွားပြီလား?
မဟုတ်ပါဘူး... သူ လွတ်မြောက်ခဲ့သည်။ ထို့ပြင် သူသည် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် မျက်မြင်သက်သေ ဖြစ်သည်။
စုဖေးက နောက်ဆုံးမိနစ်လေးမှ ချုပ်နှောင်ထားရာကနေ ရုန်းထွက်နိုင်ခဲ့သည်။ သို့သော် သူသည် အမြီးကုပ်ကာ ထွက်ပြေးရလောက်အောင်ထိ မတုံးအခဲ့ပေ။ အဲဒီအစား သူသည် သူ၏သိုလှောင်အိတ်ထဲက သားမွေးအားလုံးကို သူ့ဘဝတစ်လျှောက်လုံး တတ်နိုင်သမျှ အမြန်ဆုံးနှုန်းနဲ့ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် ၎င်းသားမွေးများကို ကပျာကယာ ခေါက်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် တစ်လွှာပြီးတစ်လွှာ ရစ်ပတ်ကာ ဖုံးအုပ်လိုက်သည်။
သေချာတာပေါ့... သူက သားပေါက်လေးကိုလည်း မမေ့ခဲ့ပါဘူး။ အမှန်တော့ နတ်သားရဲလေးက အလွန်အကင်းပါးသည်။ သူက အန္တရာယ်ကို သတိထားမိပြီး သူ့ကိုယ်သူ မံမီကဲ့သို့ စုဖေးနှင့်အတူတူ ထုတ်ပိုးခဲ့သည်။ သူတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦးပွေ့ဖက်ကာ ဘောလုံးလေးလို တတ်နိုင်သမျှ ကျုံ့ပြီး သားမွေးကို အကောင်းဆုံးဖြစ်အောင် အသုံးချခဲ့သည်။