Unicode
အခန်း ၁၈ - လေလံပွဲ...
စုဖေးသည် လူသားများ၏နယ်မြေသို့ ခရီးသွားရန် ရွေးချယ်ရသည့်အကြောင်းအရင်းမှာ ကနွမ်တောအုပ်ကို ဝန်းရံထားသော မျိုးနွယ်လေးခုတွင် လူသားမျိုးနွယ်သာလျှင် နတ်သူငယ်များနှင့် ရင်းနှီးသောဆက်ဆံရေးရှိသောကြောင့်ပင်။
ဥပမာအားဖြင့် ဧရာမသားရဲများက ကာယဗလသည် ဘုရားသခင်ဖြစ်သည်ဟူသော ယုံကြည်ချက်ကို ထောက်ခံသည်။ ထို့ကြောင့် သူတို့သည် မှော်အစွမ်းကြောင့် နာမည်ကြီးသော နတ်သူငယ်များကို မထီမဲ့မြင်ပြုခဲ့သည်။ နတ်သူငယ်များသည် သူတို့အား သင်ခန်းစာများစွာ ပေးခဲ့သည်။ ဒါတောင်မှ ဧရာမသားရဲများဟာ သူတို့ကိုယ်သူတို့ အလွန်အကျူး အမွန်းတင်ပြီး နတ်သူငယ်များကို အထင်သေးနေဆဲပင်။
အခြားတစ်ဖက်တွင် သားရဲတစ္ဆေများသည် သူတို့၏ထူးခြားချက်များကြောင့် နတ်သူငယ်များနှင့် မိတ်ဖွဲ့ချင်ခဲ့သည်။ ကံမကောင်းစွာဖြင့် နတ်သူငယ်များသည် သူတို့အား အထင်သေးကြသည်။
လူပုများနှင့် ပတ်သက်၍ ၎င်းတို့သည် ဧရာမသားရဲများနှင့်စရိုက်အတူဆုံးဖြစ်သည်။ သူတို့က စွမ်းအားကို မလေးစားဘူး။ အဲဒီအစား သူတို့က သူတို့ကိုယ်သူတို့ လေးစားကြသည်။ ၎င်းတို့သည် သေးငယ်သော်လည်း ဒေါသကြီးသည်။ သူတို့၏ စဉ်းစားပုံမှာ ကောင်းကင်သည် ကျယ်ပြန့်သည်။ မြေကြီးသည် ကြီးမားသည်။ သို့သော်လည်း ၎င်းတို့သည် လူပုများလောက် မကြီးကျယ်နိုင်ပေ။ မျိုးနွယ်အားလုံးတွင် အသေးငယ်ဆုံးနှင့် အပုဆုံးဖြစ်သော လူပုများသည် ရဲလန်တစ်ခုလုံးတွင် မိမိကိုယ်ကို ယုံကြည်မှုအရှိဆုံးဖြစ်သည်။ ဟုတ်ပါတယ်၊ သူတို့နဲ့အမြင့်ကို ဘယ်တော့မှမပြောပါနဲ့။ မင်း သေချာပေါက် နောင်တရသွားလိမ့်မည်။ အဲလိုမာနကြီးတဲ့မျိုးနွယ်ပင်။ သူတို့က နတ်သူငယ်တွေနဲ့တင်မကဘဲ အခြားကြီးမားတဲ့ မျိုးနွယ်ရှစ်ခုလုံးနဲ့ပါ ဆိုးရွားသည့် ဆက်ဆံရေး ရှိခဲ့သည်။
ဤထူးဆန်းသော မျိုးနွယ်များနှင့် နှိုင်းယှဉ်ပါက အတွေ့အကြုံရှိပြီး လိမ္မာပါးနပ်သော လူသားများသည် ပိုချစ်စရာကောင်းသည်။ သူတို့က အင်အားကြီးသူကို ကြောက်ရွံ့ပြီး အားနည်းသူကို အနိုင်ကျင့်တတ်သည့် အကျင့်ဆိုးရှိပေမဲ့ အနည်းဆုံး သူတို့ရဲ့တွေးခေါ်ပုံက ပုံမှန်ပါပဲ။