chapter ~>54{ဧရာမမျက်လုံးကြီးရဲ့ပိုင်ရှင်...}

3.1K 631 10
                                    

Unicode

အခန်း ၅၄ - ဧရာမမျက်လုံးကြီးရဲ့ပိုင်ရှင်...

စုဖေး မျက်လုံးမှိတ်လိုက်ပြီး အတွေးများကို တွန်းထုတ်လိုက်သည်။

ထိုအစား သူ့အာရုံအားလုံးကို လာမည့် 'ပြစ်ဒဏ်'ပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။

အပိုင်းပိုင်းဖြတ်၍ အပြစ်ပေး... ဒါက တင်စားတဲ့စကားလုံး ဖြစ်ရမယ်။ ပြီးတော့ သူတို့ရဲ့အစွမ်းအစနှင့်ဆိုလျှင် လက်ချောင်းလှုပ်လိုက်ရုံနဲ့ လှည်းကို ဖျက်ဆီးပစ်နိုင်တယ်။

စုဖေး ပြောတာ မှန်သည်။ မြေပြင်ပေါ်သို့ ဆင်းသက်သောအခါ မရေမတွက်နိုင်သော နွယ်ပင်များက သူတို့ဆီသို့ တဟုန်ထိုး ပြေးလာကြသည်။

သားပေါက်လေးက အတော်လေး ကြီးသောကြောင့် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းသည် အလွန်လျင်မြန်ပြီး ပျံသန်းနိုင်သောကြောင့် အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။

ဖက်တီးမီးလုံးကြီးက ပို၍ပင် ကျွမ်းကျင်ပါးနပ်သည်။ ၎င်းက ရာနှင့်ချီသော မီးလုံးသေးသေးလေးများအဖြစ်သို့ ပြောင်းလိုက်သည်။ နွယ်ပင်များက ၎င်းအနားမကပ်နိုင်သောကြောင့် ၎င်းက ရှောင်စရာတောင် မလိုဘူး။

ထိုအစား စုဖေးကို ပွေ့ချီရင်း ရှောင်တိမ်းရသည်မှာ ဆမ်မြူရယ်အတွက် အနည်းငယ် ခက်ခဲနေသည်။ ထို့အပြင် နွယ်ပင်များက တိုက်စားလွယ်ပြီး ၎င်းတို့နှင့်ထိမိသည့် အရာအားလုံး အရည်ပျော်သွားသည်ကို သူ တွေ့လိုက်ရသည်။

စုဖေးက ခုန်ဆင်းလိုက်ပြီး သူ့ဓားမြှောင်ကို ဆွဲထုတ်ကာ ရှေ့တိုးလာသော နွယ်ပင်များကို ရွှမ်းခနဲဝှေ့ယမ်းလျက် ခုတ်ပစ်လိုက်သည်။ သို့သော်လည်း နွယ်ပင်များသည် ကြောက်ခမန်းလိလိအရှိန်ဖြင့် ချက်ချင်း ကြီးထွားလာသည်။

ဆမ်မြူရယ်သည်လည်း ကောင်းမွန်သော အခြေအနေမှာ မရှိပေ။ စုဖေးနှင့်ယှဉ်လျှင် သူက မြောက်များစွာသော နွယ်ပင်များကို တစ်ချက်တည်း ခုတ်ပစ်လိုက်သော်လည်း သူ့အရှိန်က နွယ်ပင်များ၏ ကြီးထွားနှုန်းကို မယှဉ်နိုင်ပါဘူး။ အခြေအနေက အစောပိုင်းက ဖက်တီးမီးလုံးနှင့် တိုက်ခိုက်ခဲ့သည့်ပုံစံနှင့် ဆင်တူသည်။

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းOnde histórias criam vida. Descubra agora