chapter ~>51{မင်း ငါ့ကို ဒီပြဿနာဖြေရှင်းတဲ့ ဂိမ်းကို ကစားခိုင်းတယ်ပေါ့!}

3.1K 627 28
                                    

Unicode

အခန်း 51 - မင်း ငါ့ကို ဒီပြဿနာဖြေရှင်းတဲ့ ဂိမ်းကို ကစားခိုင်းတယ်ပေါ့!

လမ်းကြောင်းခုနစ်ခု၏ သင်္ကေတ ခုနစ်ခုသည် မီးတောက်၊ ဘီး၊ နှင်းပွင့်၊ မီးခိုး၊ မြွေ၊ အိုးနှင့် ကြွက်တို့ကို အသက်ဝင်စေခဲ့သည်။

၎င်းတို့ကြားက ဆက်နွယ်မှုကို သူတို့ အခုထိမသိသေးဘူး။

မည်သို့ပင်ဆိုစေကာမူ လမ်းကြောင်းတစ်ခုစီက ၎င်းတို့အနက်မှတစ်ခုစီနှင့် သက်ဆိုင်နေကြောင်း သူတို့ သေချာသိသည်။

အခြေအနေအရ သကေႅတအားလုံးကို တစ်ပြိုင်တည်းနှိပ်ပြီး တစ်ခုခုဖြစ်လာမလာ စောင့်ကြည့်ရန် နည်းလမ်းတစ်ခုသာ ကျန်တော့သည်။

သို့သော်လည်း အကောင်အထည်ဖော်ရန်မှာ ခက်ခဲလိမ့်မည်။ ဥပမာအားဖြင့် လူတိုင်း သကေႅတကို တစ်ပြိုင်တည်းနှိပ်ရမည်။ ထို့အပြင် လမ်းကြောင်း ခုနစ်ခုရှိသောကြောင့် သူတို့အားလုံးက မတူညီသော အပိုင်းများတွင် ရှိနေရမည်ဖြစ်သည်။ လမ်းကြောင်းများအကြား အတော်အသင့် ဝေးသောကြောင့် သူတို့ အချင်းချင်း မမြင်နိုင်ပေ။ ထို့ကြောင့် အချိန်ကိုက်နှိပ်ရန်မှာ သူတို့အတွက် မလွယ်ကူလှပေ။

နေဦး... ဒီခေတ်မှာ ဖုန်းရှိနေပြီလေ။ စုဖေးသည် ရုတ်တရက် နှလုံးသားပုတီးနှစ်လုံးကို သတိရသွားပြီး မန်စီဆီသို့ သူ့အကြည့်ကို အလိုအလျောက် ပို့လိုက်မိသည်။

ကံမကောင်းစွာဖြင့် နှလုံးသားပုတီးလုံးရှိသော်လည်း ၎င်းသည် အသုံးမဝင်ပေ။ နှလုံးသားပုတီးလုံးသည် လူနှစ်ဦးကြားတွင်သာ ဆက်သွယ်မှုကို ခွင့်ပြုထားသည်။ လူခုနစ်ဦး တစ်ချိန်တည်းမှာ ဆက်သွယ်ပြောဆိုနိုင်တဲ့ ဆက်သွယ်ရေးကိရိယာကို သူ တကယ် မကြားဖူးသေးဘူး။

စုဖေးက မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။

ထိုအချိန်တွင် ဆမ်မြူရယ်က ပြောလာသည်။

“တစ်ယောက်ယောက်မှာ အချိန်တိုင်းတာဖို့ တစ်ခုခုများ ရှိလား ”

လန်စဲလော့က ပြန်ဖြေခဲ့သည်။
“ငါ့မှာရှိတယ်။ ဒါပေမဲ့ ခုနစ်ခုတော့ မရှိဘူး ”

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းTempat cerita menjadi hidup. Temukan sekarang