အခန်း ၂၇.၂ - နတ်ဆိုး နိုးထလာပြီ!
အနက်ရောင်၀တ်ရုံကို ဆင်မြန်းထားသော လူတစ်ဦးသည် တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။ သူ၏ရှည်လျားသော အပြာရောင်ဆံနွယ်များက သူ့နောက်ကျောတွင် ယိမ်းနွဲ့နေသည်။ သူသည် ဖြူဖွေးသော အသားအရေနှင့် အလှလေးတစ်ယောက် ဖြစ်သော်လည်း ရေခဲတမျှ အေးစက်နေသော မျက်နှာသွင်ပြင်ရှိသည်။ သူ့မျက်နှာတွင် စိတ်ခံစားမှု ရေးရေးလေးတောင် မမြင်နိုင်ဘူး။ အရေးအကြီးဆုံးကတော့ သူ့လိင်ကို ဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အရာအားလုံးဟာ တစ်ခဏအတွင်းမှာ ဖြစ်ပျက်သွားခဲ့သည်။ ဆံပင်ပြာနှင့်လူသည် လက်ရှိလူတိုင်း စိတ်ကူးယဉ်နိုင်တာထက် ပို၍လျင်မြန်သည်။ သူက သန်မာပုံ မပေါ်ပေမဲ့ စုဖေးကို တစ်ချက်တည်းဖြင့် သတိလစ်အောင် လုပ်နိုင်ခဲ့သည်။
သူ မတုံ့ပြန်ခင်မှာ ဆမ်မြူရယ်တောင်မှ ထူးခြားတာ ဘာတစ်ခုမှ မတွေ့ခဲ့ဘူး။ သူ သိလိုက်တဲ့အချိန်မှာတော့ စုဖေးဟာ ရန်သူလက်ထဲ ရောက်နေပြီ။
ဆံပင်ပြာနှင့်လူ၏နောက်တွင် အာရမ်က ရပ်နေသည်။ သူက ဆမ်မြူရယ်ကို ပြုံးပြီး တိုးတိုးသက်သာ ပြောလေသည်။
" သူ့ကို အသက်ရှင်စေချင်လား? မင်း ဘာလုပ်သင့်တယ်ဆိုတာ မင်း သိပါတယ် "
ဆမ်မြူရယ်က သူ့ကို မတုန်မလှုပ် စိုက်ကြည့်နေသည်။ နောက်အခိုက်အတန့်တွင် သူက အဇူရာဓားသွားကို အတွင်းအားဖြင့် ဖိနှိပ်လိုက်သည်။ ဓားမြှောင်သည် သူ့လက်မှ လွတ်ကျသွားပြီး မြေပေါ်သို့ ပြုတ်ကျသွားသည်။
အာရမ်က ၎င်းကို မကောက်ဘူး။သူ၏မျက်လုံးများသည် ရက်စက်ခက်ထန်မှုတွေနှင့် ဝင်းလက်နေပြီး သူက မြေပြင်ပေါ်ရှိ ဓားမြှောင်ကို စူးရဲစွာ စိုက်ကြည့်နေသည်။
" ဒီလောက်က မလုံလောက်သေးဘူး "
စုဖေးသည် ရေအေးတစ်ပုံးဖြင့် လောင်းပြီး အနှိုးခံလိုက်ရသည်။ သူ မျက်လုံးမဖွင့်ရသေးပေမဲ့ သူ့လက်တွေ ခြေတွေကို ချည်နှောင်ထားတာကို ခံစားရသည်။ သူ၏ပါးစပ်ကိုလည်း ပိတ်ဆို့ထားသောကြောင့် သူ၏မျက်လုံးများသာ လှုပ်ရှားနိုင်သည်။