chapter ~>53{အငိုသန် ဖက်တီးမီးလုံးကြီး}

3K 594 19
                                    

Unicode

အခန်း 53 - အငိုသန် ဖက်တီးမီးလုံးကြီး

ဖက်တီးမီးလုံးကြီး ပရမ်းပတာ ပြေးဝင်လာခြင်းက စုဖေးကို
ထိတ်လန့်သွားစေသည်။ ဒီငတုံးကောင်က အရမ်းကြီးပြီး ၎င်း၏ခန္ဓာကိုယ်ကို မီးလျှံများဖြင့် ဖုံးလွှမ်းထားသည်။ သူ မီးမကျွမ်းသွားဘူးဆိုရင်တောင် အရမ်းပူနေလိမ့်မယ်!

ဆမ်မြူရယ်က မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်ပြီး စုဖေးကို အခြားထောင့်သို့ အမြန်ရွှေ့ပေးလိုက်သည်။

ဖက်တီးမီးလုံးက ဘာမှမရှိသည့် လေပေါ် ခုန်အုပ်မိလေသည်။ သူ့မျက်လုံးကြီးများကို ပေကလတ် ပေကလတ် လုပ်လိုက်ပြီး ဘယ်သူ့ကိုမှ မတွေ့တာကြောင့် ပြန်လှည့်ကြည့်လာသည်။ သူ့အကြည့်တွေက ဆမ်မြူရယ်နှင့် စုဖေးကို တွေ့သောအခါ ပိုစိတ်ထိခိုက်စွာ ငိုပြီး ပြေးလာလေသည်။

ဒီနာကြည်းချက်က ဘယ်ကရောက်လာတာလဲဟ?

ဆမ်မြူရယ်နှင့် စုဖေးတို့သည် တစ်စုံတစ်ခု မူမမှန်ကြောင်း ရှာတွေ့သွားသည်။ အကျိုးသင့်အကြောင်းသင့်ဆိုရလျှင် ၎င်းက
သခင်သေဆုံးပြီးနောက် ရူးသွပ်သွားသင့်သည်။ ရုတ်တရက်ကြီး ဘယ်လိုလုပ် ငတုံးကောင်ဖြစ်သွားရတာလဲ?

ခဏလေး... သူက အတင်းအကြပ် ထိန်းချုပ်ခံခဲ့ရတာများလား?

ဆမ်မြူရယ်သည် နောက်တစ်ကြိမ်တွင် မရှောင်တော့ချေ။ သူသည် အဇူရာဓားသွားကို အသက်သွင်းပြီး ဖက်တီးမီးလုံးကြီးအား သူ့ဓားဖြင့် ချိန်ရွယ်လိုက်သည်။

ဖက်တီးမီးလုံးကြီးသည် ချက်ချင်းပင် ရပ်တန့်သွားပြီး ၎င်း၏မျက်လုံးကြီးများက ကြောက်လန့်တကြားဖြင့် အဇူရာဓားသွားကို စိုက်ကြည့်နေသည်။

၎င်းက နောက်ပြန်မဆုတ်ခဲ့ပေမယ့် ရှေ့ကိုလည်း တိုးမလာရဲဘူး။ နေရာတွင် ရပ်နေကာ တောက်ပသော မျက်လုံးဝိုင်းကြီးများဖြင့် သူတို့ကို ဝမ်းနည်းစွာ စိုက်ကြည့်နေလေသည်။

စုဖေးက ဆမ်မြူရယ်ကို တိတ်တိတ်လေး မေးလိုက်သည်။

“ သူ ဘာဖြစ်နေတာလဲ ”

ဆမ်မြူရယ် ပြန်မဖြေခင်မှာ ဖက်တီးမီးလုံးကြီး၏အသံက အခန်းတစ်ခန်းလုံး ဟိန်းထွက်လာခဲ့သည်။

ဂိမ်းထဲသို့ ကူးပြောင်းသွားခြင်းOnde histórias criam vida. Descubra agora