Unicode
အခန်း 58 - သူ့ကို လွှတ်မလား? ငါ သူ့ကို သတ်လိုက်ရမလား?
သန့်စင်သော အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်လာပြီး အထဲရှိ လူနှစ်ယောက်ကို ထုတ်ဖော်ပြသလာ၏။
သူတို့ကို ဝိုင်းထားတဲ့လူတွေက မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ သေလုမြောပါး ဒဏ်ရာရထားတဲ့နတ်ဆိုးက ချက်ချင်းကြီး ပြန်ကောင်းလာခဲ့တယ်။ ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ကုသရေးစွမ်းအားမျိုးလဲ?! ကောင်းကင်ဘုံရဲ့ ပုရောဟိတ်မင်းတောင်မှ ဒီလိုစွမ်းအားမျိုးမရှိဘူး!
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သူတို့ရဲ့ အကြည့်တွေအားလုံးက စုဖေးဆီ ရောက်သွားခဲ့သည်။
မမျှော်လင့်ဘဲ ဒီနတ်သူငယ်မှာ ဒီလောက်အစွမ်းထက်တဲ့ ကုသရေးစွမ်းအား ရှိနေတာပဲ!
အဝေးမှာရပ်နေသော ဂရင်းလျန်သည် သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ သူတို့အတွင်း၌ ခွဲခြားလို့မရတဲ့ ခံစားချက်တွေ ရောထွေးနေ၏။ တစ်ချိန်တည်းမှာပင် ဆမ်မြူရယ်အား ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် ပြုလုပ်ခဲ့သောလူက စုဖေးအား နက်နဲသောအမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
စုဖေးက အဲဒါတွေကို ဂရုမစိုက်လေဘူး။ ယင်းအစား သူက လေကို အဆုတ်အပြည့် အားရပါးရ ရှူသွင်းလိုက်သည်။ ထိုသို့မလုပ်လျှင် သူ အသက်ရှူကျပ်ပြီး သေသွားလိမ့်မယ်လို့ ခံစားနေရသည်။
အရင်တစ်ခါ သူ ယူဂျင်းကို ကယ်တုန်းက သူစွမ်းအားတွေ ကုန်ခမ်းသွားရုံသာ။ သို့သော် ယခုတစ်ကြိမ်တွင် သူသည် သူ၏ ကန့်သတ်ချက်ကိုကျော်၍ သူ့စွမ်းအားကို အသုံးပြုခဲ့သည်။ သူ့ခေါင်းက မူးနှောက်နေပြီး သူ့ခန္ဓာကိုယ်မှာ အားတစ်စက်မှ မကျန်တော့ဘူး။ အန္တရာယ်များတဲ့ အခြေအနေမှာ မရှိပါက သူ စောစောတည်းက ပစ်လဲနေပြီ။
ယခုအချိန်တွင် သူက သူ့ကိုယ်သူ သတိမြဲစေရန် သူ့စိတ်စွမ်းအားကို အားကိုးနေရသည်။
သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်လာသည့် အဆုံးစွန်သောgongသည် လုံးဝကို ရူးသွပ်သွားသည့်နှယ်။ သူသည် စုဖေးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ကာ ကျန်လက်တစ်ဖက်က အဇူရာဓားသွားကို စွဲကိုင်ထားသည်။သူက သေမင်းကဲ့သို့ တွေ့သမျှ လူတိုင်း၏အသက်ကို ရိတ်သိမ်းနေခဲ့သည်။