Unicode
အခန်း ၂၉ - ...ဘယ်လိုပြောလိုက်တယ်!
ချီးပဲ!
အံ့ဖွယ်ကောင်းသော ultimate gong ဇာတ်လိုက်ကြီးက မြောက်များစွာသော ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံခဲ့ပြီး သေခြင်းတရားမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သည်။ သူနဲ့ သားပေါက်ဝတုတ်လေးရဲ့ အဖိခံရပြီး သေသွားတယ်ဆိုရင် သူ့အတွက် လက်မခံနိုင်စရာပဲ!
မူးဝေနေဆဲဖြစ်သော သားပေါက်လေး၏ အမွေးပွခေါင်းလေးက ဆမ်မြူရယ်၏ကိုယ်ပေါ်မှာ မှေးတင်ထားသည်။ သူ၏မျက်လုံးကြီးကြီးများက ပေကလတ် ပေကလတ် လုပ်နေသည်။ သူက မညည်းညူခဲ့ပေမယ့် မြေပြင်က ဘာလို့ ပျော့ပျောင်းနေတာလဲဆိုတာ ရှုပ်ထွေးနေပုံရသည်။
စုဖေးသည် ရှေ့သို့ ဆတ်ခနဲတိုး၍ ထိုအကောင်လေးကို ကပျာကယာ ဘေးသို့ ပစ်ထုတ်လိုက်သည်။ ထို့နောက် သူသည် ဆမ်မြူရယ်၏ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
သားပေါက်လေးသည် မြေပြင်ပေါ်သို့ နှစ်ပတ်သုံးပတ်လောက် ကျွမ်းပစ်ကာ လိမ့်ကျသွားပြီး သူ့နှာခေါင်းက ဖုန်မှုန့်များ ပေကျံသွားသည်။
သားပေါက်ငယ်လေးက ဒေါသထွက်သွားပြီး အမွေးထောင်လာသည်။ သို့သော် သူက ဆမ်မြူရယ် မြေပြင်ပေါ်တွင် လှဲနေသည်ကို မြင်လိုက်ရသည်။ သူ ဆမ်မြူရယ်၏ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်ပြုတ်ကျသွားတာကို သိသွားသောအခါ သူ့ကိုယ်လုံးလေးက တုန်ယင်သွားသည်။
နောက်ဆုံးတော့ ဒီသားပေါက်လေးဟာ အစစ်အမှန်ကမ္ဘာကြီးကို မြင်ဖူးတဲ့သူတစ်ယောက်ဖြစ်သည်လေ။ နတ်ဆိုး၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို စဉ်းစားလိုက်သောအခါ ရုတ်တရက် အားပျော့သွားပြီး အားနည်းစွာ ဟိန်းလေသည်။ ဘာသာပြန်ရရင်---
'ကျွန်လေး... ဒီကိစ္စကို မင်းနဲ့ ငါပဲ သိသင့်တယ်နော်။ မင်း အခြားသူတွေကို လုံးဝမသိစေနဲ့ ဘလာ ဘလာ ဘလာ.... '
စုဖေးက သားပေါက်လေး ဘာပြောနေမှန်း လုံးဝမသိဘူး။ သူက ဆမ်မြူရယ်ကို စစ်ဆေးရန်သာ အာရုံစိုက်နေသည်။ သူ သူ့ကိုယ်ကို တစ်ပတ်လှည့်လိုက်တော့ ဆမ်မြူရယ်၏ စုတ်ပြဲနေပြီဖြစ်သော အဝတ်အစားများက ပြတ်ထွက်သွားသည်။ ဒါပေမဲ့ ကံကောင်းထောက်မစွာ သူ့မှာ ထူးထူးခြားခြား ဘာမှမတွေ့ရဘူး။